ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၂-၄-၂၀၁၇)ရက်နေ့တွင် ကျောက်တံခါးမြို့နယ်၊ ကြာအင်းကုန်းကျေးရွာအုပ်စု သာယာကုန်းကျေးရွာ၊ မီးချောင်းအိုင်ကျေးရွာ၊ ဆင်ဇလုပ်ကျေးရွာအုပ်စု သရက်စိန်ကျေးရွာ၊ ကင်မွန်းအင်းကျေးရွာအုပ်စု ကျီအင်းကျေးရွာနှင့် သပြေတန်းကျေးရွာတို့တွင် လေပြင်းတိုက်ခတ်မှုခံရသော နေအိမ် (၃၁) လုံး အတွက် ထောက်ပံ့ငွေ (၁၄,၀၀,၀၀၀ိ/-)ကျပ်တိတိ ကို (၂၄-၄-၂၀၁၇) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)