မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်တွင် လေဘေးထောက်ပံ့မှုသတင်း

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ကန်ဇွန်းတောင့်ကျေးရွာတွင် (၂၂-၄-၂၀၁၇)ရက်နေ့က  လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ် (၃)လုံးအမိုးလန်ပျက်စီးခဲ့ပါသည်။ အဆိုပါ အိမ်ခြေများမှ အိမ်ထောင်စုများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုး (၁၅၀၀၀၀)ကျပ်နှင့် ဆန်ရိက္ခာ (၇)ရက်စာ (၃၇၈၀၀)ကျပ်တို့ကို (၂၄-၄-၂၀၁၇)ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events