Author Archives: Su Nandar Myint

  • လတ်တလောရေကြီးရေလွှမ်းမိုးမှုအခြေအနေပြ ဂြိုဟ်တုပုံရိပ်သုံး မြေပုံများ (၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၂ ရက်)

    လတ်တလောရေကြီးရေလွှမ်းမိုးမှုအခြေအနေများကို အောက်ပါမြေပုံများတွင် ကြည့်ရှုနိုင်ပါသည်။ မြေပုံများမှာ ALOS2 ဂြိုဟ်တုမှ ရိုက်ကူးထားသော ဂြိုဟ်တုပုံရိပ်များမှ ရရှိလာသည့် အချက်အလက်များကို အခြေခံ၍ ရေလွှမ်းမိုးနေသည့် နေရာများကို တွက်ယူထားခြင်း ဖြစ်ပါသည်။ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၂ ရက်နေ့ ညနေ ၆ နာရီတွင် တွေ့ရှိရသော ရေကို ပန်းရောင်ဖြင့်လည်းကောင်း၊ မြစ်၊ ချောင်းနှင့် ကန်များကို အပြာရောင်ဖြင့်လည်းကောင်း ဖော်ပြထားပါသည်။ ယခု ထုတ်ယူထားသည့် မြေပုံများသည် မြေပြင်ပေါ်တွင် လတ်တလော တွေ့ရှိရသည့် ရေပြင်ဖုံးလွှမ်းမှုအခြေအနေကိုသာ ကိုယ်စားပြုပြီး မြေပြင်အခြေအနေနှင့် … Read more

  • လတ်တလောရေကြီးရေလွှမ်းမိုးမှုအခြေအနေပြ ဂြိုဟ်တုပုံရိပ်သုံး မြေပုံများ 

    လတ်တလောရေကြီးရေလွှမ်းမိုးမှုအခြေအနေများကို အောက်ပါမြေပုံများတွင် ကြည့်ရှုနိုင်ပါသည်။ မြေပုံများမှာ ALOS2 ဂြိုဟ်တုမှ ရိုက်ကူးထားသော ဂြိုဟ်တုပုံရိပ်များမှ ရရှိလာသည့် အချက်အလက်များကို အခြေခံ၍ ရေလွှမ်းမိုးနေသည့် နေရာများကို တွက်ယူထားခြင်း ဖြစ်ပါသည်။ ၂၀၁၈ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်နေ့တွင် တွေ့ရှိရသော ရေကို ပန်းခရမ်းရောင်ဖြင့်လည်းကောင်း၊ ဇူလိုင်လ ၂၆ ရက်နေ့၏ ရေကို ပန်းရောင်ဖြင့်လည်းကောင်း၊ ဇူလိုင် ၁ ရက်နေ့ ရေကို အပြာနုဖြင့်လည်းကောင်း ဖော်ပြထားပါသည်။ ယခု ထုတ်ယူထားသည့် မြေပုံများသည် မြေပြင်ပေါ်တွင် လတ်တလော တွေ့ရှိရသည့် … Read more

  • “ထူးခြားမိုးလေဝသအခြေအနေသတင်း”

    (မြန်မာစံတော်ချိန် (၁၄:၀၀)နာရီအချိန်ထုတ်ပြန်ချက်) #ထူးခြားမိုးလေဝသအခြေအနေသတင်းအမှတ်စဉ်(၀၅/၂၀၁၈) ယနေ့မြန်မာစံတော်ချိန် (၁၅:၃၀)နာရီအချိန် မိုးလေဝသ တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းမှ ရွေ့လျားလာမည့် လေပွေလှိုင်း၏အရှိန်ကြောင့် (၂၆.၄.၂၀၁၈) ရက်နေ့မှ (၃၀.၄.၂၀၁၈)ရက်နေ့အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါရက်များအတွင်း မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက် နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင် ပါသည်။ … Read more

  • လယ်ဝေးမြို့နယ်၊ ပျံချီကျေးရွာအုပ်စု၊ ထိန်အင်းကျေးရွာ၌ ဖြစ်ပွားခဲ့သော လေပြင်းဘေးသင့်သူများအား ထောက်ပံ့ပြီးစီးမှု

    (၁၉-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားသော လယ်ဝေးမြို့နယ်၊ ပျံချီကျေးရွာအုပ်စု၊ ထိန်အင်းကျေးရွာ လေဘေး၌ ပြိုလဲအိမ် (၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေ (၄၀၀,၀၀၀/-)ကျပ်၊ အမိုးလန်အိမ်(၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေ (၂၀၀,၀၀၀/-)ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်(၁၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေ(၁၇၀,၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ(၈၇)ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၁၈၂,၇၀၀/-)ကျပ် အပါအဝင် စုစုပေါင်းထောက်ပံ့ငွေ(၉၅၂,၇၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်းများအား ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ဘေးသင့်ပြည်သူများလက်ဝယ်သို့ (၂၀-၄-၂၀၁၈)ရက်နေ့ (၁၄:၃၀)နာရီအချိန်တွင် သွားရောက် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source :  ပြည်ထောင်စုနယ်မြေ နေပြည်တော်တိုင်းဦးစီးမှူးရုံး … Read more

  • လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းကျေးရွာ၌ ဖြစ်ပွားခဲ့သော လေပြင်းဘေးသင့်သူများအား ထောက်ပံ့ပြီးစီးမှု

    လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းကျေးရွာ၌ (၁၉-၄-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းဘေးကြောင့် ထိခိုက်ခံရသူများအား နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဇော်ဦး၊ နေပြည်တော်တိုင်းဦးစီးမှူး ဦးကျော်ကျော်ထွန်းနှင့် လယ်ဝေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်တို့မှ လေဘေးသင့်ပြည်သူများထံသွားရောက်၍ ပြိုလဲအိမ် (၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေ (၄၀၀,၀၀၀/-)ကျပ်၊ အိမ်အမိုးလန်(၃၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၇၅,၀၀၀/-)ကျပ်၊ လေဘေးသင့်သူ (၁၃၉)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ(၂၉၁,၉၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၂၆၆,၉၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း များအား ဘေးသင့်ပြည်သူများလက်ဝယ်သို့ (၂၀-၄-၂၀၁၈)ရက်နေ့(၁၃:၀၀)နာရီအချိန်တွင် သွားရောက် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source :  … Read more

  • ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ သောင်ဘုတ်ကျေးရွာအုပ်စု၊ အလယ်ကျွန်းကျေးရွာ၌ ကမ်းပြိုဘေးသင့်သူများအား ထောက်ပံ့ပြီးစီးမှု

    ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ သောင်ဘုတ်ကျေးရွာအုပ်စု၊ အလယ်ကျွန်းကျေးရွာတွင် (၁၇-၁-၂၀၁)ရက်နေ့၌ ကမ်းပြိုကျမှု ဖြစ်ပွားခဲ့ရာ ကမ်းပြိုဘေးသင့်အိမ်ခြေ (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ ဘေးသင့်လူဦးရေ (၆) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၂,၆၀၀/-)ကျပ်တို့ကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက (၂၅-၁-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source :  ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ပဲကြီးကျွန်းအုပ်စု၊ ရေလယ်ကျွန်းကျေးရွာ၌ ကမ်းပြိုဘေးသင့်သူများအား ထောက်ပံ့ပြီးစီးမှု

    ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ပဲကြီးကျွန်းအုပ်စု၊ ရေလယ်ကျွန်းကျေးရွာတွင် (၁၈-၁-၂၀၁၈)ရက်နေ့၌ ကမ်းပြိုကျမှု ဖြစ်ပွားခဲ့ရာ ကမ်းပြိုဘေးသင့်အိမ်ခြေ (၁၃) လုံး၊ အိမ်ထောင်စု (၁၃) စု၊ ဘေးသင့်လူဦးရေ (၅၄) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုး (၁၃) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၃၀၀,၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၁၁၃,၄၀၀/-)ကျပ်တို့ကို ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက (၂၅-၁-၂၀၁၈)ရက်နေ့တွင် ဘေးသင့်ပြည်သူများ လက်ဝယ်သို့ သွားရောက် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source :  ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events