ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန (ရခိုင်ပြည်နယ်ဦးစီးမှူးရုံး) နှင့် UN VOLUNTEERS အဖွဲ့အစည်းတို့ ပူးပေါင်းပြီး (၂၅-၄-၂၀၁၇) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်တွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ မင်းသူရိယခန်းမ၌ ဘေးအန္တရာယ်လျော့ချရေးဆိုင်ရာ စေတနာ့ဝန်ထမ်းလူငယ် ကနဦးစီမံချက်အား ရခိုင်ပြည်နယ်အတွင်းရှိ ပြည်သူလူထု/ ဌာနဆိုင်ရာများသို့ အသိပေးခြင်းအခမ်းအနားသို့ ဌာနဆိုင်ရာမှ တက်ရောက်သူ (၁၈) ဦးနှင့် သင်တန်းသူ/သင်တန်းသား (၃၉) ဦး တက်ရောက်ခဲ့ပြီး စီမံကိန်း၊ ဘဏ္ဍာ၊ အခွန်ဝန်ကြီး ဦးကျော်အေးသိန်းမှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး ပြည်နယ်ဦးစီးမှူး (ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန) မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)