အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၏ (၁/၂၀၁၇)လုပ်ငန်းညှိနှိုင်း အစည်းအဝေးနှင့် ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၏ (၁/၂၀၁၇) လုပ်ငန်းညှိနှိုင်း အစည်းအဝေးများကျင်းပမှုသတင်း

 

၂၄- ၄-၂၀၁၇ နေပြည်တော်

 

  • အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ဥက္ကဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဆောင်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း ကော်မတီ၏ (၁/၂၀၁၇) လုပ်ငန်းညှိနှိုင်း အစည်းအ‌ဝေးကို (၂၄-၄-၂၀၁၇) နေ့ (၁၀:၀၀) နာရီတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမ၌ကျင်းပပြုလုပ်ရာ ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါသည်။
  • လုပ်ငန်းကော်မတီဥက္ကဌ၊ လူမှုန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက မိမိတို့လုပ်ငန်းကော်မတီအနေဖြင့် ပြီးခဲ့သည့် တစ်နှစ်တာကာလအတွင်း သဘာဝဘေးရင်ဆိုင်တုံ့ပြန်မှုများကို ကြိုးစားဆောင်ရွက်ခဲ့ သော်လည်း လိုအပ်ချက်များစွာ ရှိသေးကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ပိုမို ကောင်းမွန်သည့် စီမံခန့်ခွဲမှုပုံစံဖြစ်စေ ရန်၊ ဘေးဒဏ်ခံနိုင်ရည်ရှိသောရပ်ရွာဖြစ်စေရန်၊ ထိရောက်သည့် အရေးပေါ်တုံ့ပြန်မှု လုပ်ငန်းများဖြစ်စေရန်၊ ပိုမိုကောင်းမွန်သည့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဖြစ်စေရန်စသည့် မူဝါဒသစ်များချမှတ်ထားပါကြောင်း၊ သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်း များနှင့်ပတ်သက်၍ ပြည်တွင်း၌အားလုံးပူပေါင်းဆောင်ရွက်လျက်ရှိသကဲ့သို့ ကမ္ဘာမှ ချမှတ်ထားသည့်မူဘောင်များ၊ ပန်းတိုင်များနှင့်လည်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် သဘာဝဘေးဖြစ်ပွားမှုအများဆုံးနိုင်ငံများတွင် ပါဝင် နေပြီး ဘေးဒဏ်ခုခံနိုင်ရေး အသင့်ဖြစ်နေရန် ကြိုတင်ပြင်ဆင်မှုများ တိုးမြှင့် ဆောင်ရွက်ထားရှိရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်၍ မိမိတို့နိုင်ငံအနေဖြင့် သဘာဝဘေး အန္တရာယ်များနှင့်ပတ်သက်၍ အဆင်သင့်ဖြစ်မှု ပိုမိုကောင်းမွန်စေရေးအတွက် အလေးထားဆောင်ရွက်ရန် လိုအပ်နေပါကြောင်း၊ မိမိတို့အနေဖြင့် ကျေးရွာများအထိ သွားရောက်ကာ ပြည်သူလူထုနှင့်တွေ့ဆုံပြီး လိုအပ်ချက်များ ဆန်းစစ်၊ သုံးသပ် မှုများအရ ဘက်စုံသုံး Shelter များ တည်ဆောက်ပေးရန်၊ ထို Shelter များ သို့သွားရောက်နိုင်မည့်လမ်းကြောင်းများ၊ ကျေးရွာချင်းဆက်လမ်းများ ကောင်းမွန်စေ ရေး ဆောင်ရွက်ရန်၊ သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ပြည်သူသို့ ပိုမို အသိပညာပေးရေးနှင့် ကြိုတင်သတိပေးချက်များအချိန်မီသိရှိစေရေးဆောင်ရွက်ရန်၊ ပြည်သူလူထုအပါအဝင် လူမှုရေးအဖွဲ့အစည်းများ၏ အင်အားကိုရယူ အသုံးပြုနိုင်ရေး ဆောင်ရွက်ရန် စသည့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရမည့်လုပ်ငန်းများ တွေ့ရှိရပါ ကြောင်း၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီ၊ လူမှုရေး အဖွဲ့များပါ၀င်သည့် အရေးပေါ်ကယ်ဆယ်တုံ့ပြန်ရေးအဖွဲများ ဖွဲ့စည်းပြီး သဘာဝဘေးကျရောက် ချိန်များတွင် ပြည်သူလူထုအား ပိုမိုမြန်ဆန်ထိရောက်စွာ ကူညီဆောင်ရွက်နိုင်ရန် အတွက် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အရပ်ဘက်-စစ်ဘက် ပူးပေါင်း ဆောင်ရွက်မှုများကိုလည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုဘဏ္ဍာရေး နှစ်တွင် ထောက်ပံ့မှုများကို တိုးမြှင့်ထောက်ပံ့နိုင်ရေးဆောင်ရွက်ထားပြီး ပြည်သူသို့ လည်းအသိပေးချပြသွားမည်ဖြစ်ကြောင်း၊ မိမိတို့လုပ်ငန်း ကော်မတီအနေဖြင့် ပိုမို ထိရောက်သည့် သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများဖြစ်စေရေး နည်းလမ်းများ ရှာဖွေဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဆွေးနွေးပါသည်။
  • ဆက်လက်၍ လုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းကော်မတီ၏ တာဝန်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး /ပြည်နယ် အစိုးရအဖွဲ့ များမှ တာ၀န်ခွဲ‌ဝေဆောင်ရွက်နေမှုအခြေအနေများ၊ အမျိုးသားကော်မတီဥက္ကဌ ဒုတိယ သမ္မတ၏ လမ်းညွှန်မှာကြားချက်များနှင့်ပတ်သက်၍ ဆောင်ရွက်ရန်ရှိသည်များကို ဆွေးနွေးပြီး အမျိုးသားသဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေလက်ကျန်နှင့် ထပ်မံရရှိမှုအခြေအနေအား ရှင်းလင်းတင်ပြပါသည်။
  • ဆက်လက်၍ လုပ်ငန်းကော်မတီအဖွဲ့ဝင်များက ကြိုတင်သတိပေးချက်ထုတ်ပြန်ရေး ကိစ္စများ၊ နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေးပစ္စည်းများ တင်သွင်းသည့်လုပ်ငန်းများ၊ သဘာဝဘေးရန်ပုံငွေ ထည့်ဝင်သည့်ကိစ္စများ၊ အရန်ဆန်သိုလှောင်ထားရှိရေးကိစ္စများ၊ စာရင်းစစ်ကိစ္စရပ်များ အပါအဝင် ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၊ လိုအပ်ချက် များ၊ ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရန်များကို ဆွေးနွေးတင်ပြကြပါသည်။
  • ဆက်လက်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ အတွင်း ရေးမှူး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က သဘာ၀ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေ၊ နည်းဥပဒေ များနှင့်အညီ လုပ်ငန်းများကို အကောင်အထည်ဖော်ပေးရန်လိုကြောင်း၊ တိုင်းဒေသကြီး /ပြည်နယ်များတွင် လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်နိုင်မည့် အစီအမံများ ချမှတ်ဆောင်ရွက်ရန်လိုကြောင်း၊ Shelter ဆောက်လုပ်ရေး၊ ကြိုတင်သတိပေးချက် ထုတ်ပြန်ရေးများနှင့်ပတ်သက်၍ ဆွေးနွေးပါသည်။
  • လုပ်ငန်းကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်ပြောကြားရာတွင် မိမိတို့၏ဆောင်ရွက်ချက်များ ပိုပြီးစနစ်ကျရန်နှင့် ပိုမိုခိုင်မာရန် ဥပဒေ၊ နည်းဥပဒေ များနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့၏ဆောင်ရွက်မှုများကို မီဒီယာမှ တဆင့် ပွင့်ပွင့်လင်းလင်းဖော်ပြနိုင်ရန်နှင့် မိမိတို့အနေဖြင့် တာဝန်ယူမှု နှင့်တာဝန်ခံမှု ရှိရန်လိုကြောင်း၊ ဆောင်ရွက်မှုတိုင်းအတွက် မီဒီယာမှ တဆင့် ပေါ်ပေါ်လွင်လွင် ဖော်ပြခြင်းဖြင့် ပြည်သူကအမြင်ရှင်းပြီး မိမိတို့နှင့်အတူပူးပေါင်း ဆောင်ရွက်မှသာ ပိုမို အောင်မြင်မည်ဖြစ်ကြောင်းနှင့် ဆွေးနွေးတင်ပြချက်များနှင့်ပတ်သက်၍ လိုအပ်သည် များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
  • ဆက်လက်၍ ဘဏ္ဍာငွေရှာဖွေရေးနှင့် ရန်ပုံငွေထိန်းသိမ်းရေးလုပ်ငန်းကော်မတီ၏ (၁/၂၀၁၇) လုပ်ငန်းညှိနှိုင်းအစည်းအ‌ဝေး ကို (၁၅:၀၀)နာရီတွင် ဆက်လက် ကျင်းပရာ လုပ်ငန်းကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီးက သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်း များနှင့်ပတ်သက်၍ ဆောင်ရွက် လျက်ရှိသည့်လုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး အဆင်သင့်ဖြစ်ရေးနှင့် ဘေးဒဏ်ခုခံနိုင်စွမ်းရှိရေးတို့ အရေးကြီးကြောင်း၊ ထိုအပိုင်း များတွင် ဘဏ္ဍာငွေကြေးသုံးစွဲရသည့်ကိစ္စများ ရှိပါကြောင်း၊ ဘဏ္ဍာငွေရှာဖွေရေးနှင့် ပတ်သက်၍ နိုင်ငံတော်မှခွဲ‌ဝေချထားပေးငွေနှင့် အလှူငွေများမှရရှိပါကြောင်း၊ ဘဏ္ဍာရေး စည်းမျဉ်းကိုလည်း အသစ်ပြင်ဆင်ရေးဆွဲခဲ့ပြီး စည်းမျဉ်းနှင့်အညီ လိုက်နာဆောင်ရွက် လျက်ရှိကြောင်း၊ ကယ်ဆယ်ရေးထောက်ပံ့မှုများကိုလည်း ချက်ချင်းဆောင်ရွက်နိုင်ရေး အတွက် ငွေကြေးလက်ဝယ်ကိုင်ဆောင်မှုကိုလည်း စည်းမျဉ်းနှင့်အညီ ဆောင်ရွက်ရ ပါကြောင်း၊ မိမိတို့ဆောင်ရွက်ရသည့်ကိစ္စရပ်များသည် ပြည်သူအတွက် အကျိုးရှိပြီး မြန်ဆန်ထိရောက်သော လုပ်ငန်းများဖြစ် စေရေးနှင့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ သုံးစွဲရေးကို အထူးဂရုပြု ဆောင်ရွက်ရပါကြောင်းနှင့် ပိုမို ထိရောက်ကောင်းမွန်စေမည့် နည်းလမ်းများကို ဝိုင်း၀န်းအကြံပြုဆွေးနွေးပေးရန်ပြောကြားပါသည်။
  • လုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေ ရရှိ၊ သုံးစွဲ၊ လက်ကျန်စာရင်းများနှင့် သုံးစွဲမှုလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြ ပါသည်။
  • ဆက်လက်၍ တက်ရောက်လာသူများမှ ငွေကြေးသုံးစွဲမှုဆိုင်ရာကိစ္စရပ်များ၊ ရန်ပုံငွေ တိုးပွားရေး ကိစ္စရပ်များ၊ နိုင်ငံတကာမှ အလှူငွေများကို ပွင့်လင်းမြင်သာစွာ သုံးစွဲရေး ကိစ္စများ၊ ငွေကြေးသုံးစွဲမှုများ နှင့်ပတ်သက်၍ ပြန်လည်စိစစ်ရန်လိုအပ်သည့်ကိစ္စရပ်များ၊ လုပ်ငန်းဆောင်ရွက်ချက်များကို ပြည်သူသို့ ပွင့်လင်းမြင်သာစွာချပြရေးကိစ္စများ၊ စာရင်း စစ်ဆေးခြင်းကိစ္စများနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေး၊ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events