ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင်လေဘေးထောက်ပံ့မှုသတင်း

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့တွင် (၂၃-၄-၂၀၁၇)ရက်နေ့က ဖြစ်ပွားခဲ့သော လေဘေးကြောင့် ဘုန်းကြီးကျောင်း(၁)ကျောင်း ထိခိုက်ပျက်စီးခဲ့ပြီး နေအိမ် (၁၇)လုံးအမိုးလန်ခဲ့ပါသည်။ အဆိုပါလေဘေးသင့် အိမ်ခြေများမှ ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မောင်တောခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အမိုးလန်နေအိမ် (၁၇)လုံးအတွက် တစ်အိမ်လျှင် (၁၀၀၀၀၀)ကျပ်စီနှင့် (၁၇၀၀၀၀၀)ကျပ်ကိုလည်းကောင်း၊ ထိခိုက်ပျက်စီးခဲ့သော ဘုန်းကြီးကျောင်းအတွက် (၃၀၀၀၀၀)ကျပ်ကိုလည်းကောင်း၊ ဆန်ရိက္ခာ (၇)ရက်စာ (၂၃၃၁၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၄)မျိုးတို့ကိုလည်းကောင်း၊ စုစုပေါင်းထောက်ပံ့မှုတန်ဖိုး (၂၂၃၃၁၀၀)ကျပ်ကို (၂၄-၄-၂၀၁၇)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events