Author Archives: Department of Disaster Management

  • မီးဘေးအသိပညာပေးဆောင်ရွက်ခြင်းနှင့် မီးဘေးသဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်း ပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထားဝယ်မြို့၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းတွင် (၂၈-၁၂-၂၀၂၂) ရက်နေ့၌ မီးဘေးအန္တရာယ်အသိပညာပေးဟောပြောခြင်း၊ (၂၉-၁၂-၂၀၂၂) ရက်နေ့တွင် မီးဘေးအန္တရာယ်သဏ္ဌာန်တူဇာတ်တိုက်လေ့ကျင့်ခန်းကို ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ မီးဘေးနှင့်ပတ်သက်၍ အသိပညာဗဟုသုတရရှိစေရန်၊ မီးဘေး အမှန်တကယ်ကြုံတွေ့ရသောအခါ စနစ်တကျ တုံ့ပြန်ဆောင်ရွက်တတ်စေရန်၊ တုံ့ပြန်ဆောင်ရွက်ခြင်းနှင့် ကြိုတင်သတိပေးခြင်းအတွက် အားနည်းချက်/ အားသာချက်များကို သိရှိဖော်ထုတ်ဖြည့်စွက်ဆောင်ရွက်ရန် ရည်ရွယ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများနှင့် တိုင်းဒေသကြီးကြက်ခြေနီတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအခမ်းအနားသို့ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၁၆-၁၂-၂၀၂၂) ရက်နေ့၊ (၁၀း၀၀)နာရီအချိန်မှ(၁၁း၃၀)နာရီအချိန် ထိမွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ်၊ ထောင်မှူးကျေးရွာတွင် နေထိုင်သောပြည်သူများအား Covid-19 ရောဂါကူးစက် ပျံ့နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များအား အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mon_dec2022

  • သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဘာသာရပ်အား ဆွေးနွေးပို့ချမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်း‌ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၁၂-၂၀၂၂) ရက်နေ့ (၁၃:၀၀)နာရီမှ (၁၅:၅၀)အချိန်အထိ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)၌ အရာထမ်းလောင်းအ‌ခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှုဘွဲ့လွန်ဒီပလိုမာသင်တန်း၊ အမှတ်စဉ် (၉)မှ သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၂၁၄)ဦးတို့အား “သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဘာသာရပ်” ကို ဆွေးနွေးပို့ချခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #ygn_dec2022

  • သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား အသိပညာပေးဟောပြောပွဲ ပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၄-၁၂-၂၀၂၂) ရက်နေ့၊ (၁၄း၀၀)နာရီအချိန်မှ (၁၅း၃၀)နာရီအချိန် ထိမွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံ မြို့နယ်၊  သိမ်ကုန်းရပ်ကွက်၊ အ.ထ.က(၄) သထုံရှိ ​ကျောင်းသား/သူအင်အား(၁၀၀)ဦးခန့်အား သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးနှင့်ပတ်သက်၍ သိရှိလိုက်နာဆောင်ရွက်ရမည့်  ဆောင်ရန်/ ရှောင်ရန်အချက်များအား​ဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာ​စောင်ဖြန့်ဝေခြင်းနှင့် ဗီနိုင်းပိုစတာဖြန့်​​ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar #mon_dec2022

  • သဘာဝဘေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် Quick-Win Project များအနက် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၄-၁၂-၂၀၂၂)ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မရမ်းကုန်းမြို့နယ် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ‌ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား သဘာဝအသိပညာများဆွေးနွေးပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #ygn_dec2022

  • အသိပညာဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ မုဒုံမြို့နယ်ကြက်ခြေနီအသင်းခွဲတို့နှင့်ပူးပေါင်း၍ ဘာသာရပ်အလိုက် “ကလေးသူငယ်အခွင့်အရေးကိုယ်တိုင်သိရှိနားလည်ရေး၊ ကြိုတင်ကာကွယ်သဘာဝဘေးအန္တရာယ်၊ မူးယစ်အန္တရာယ်လူ့ရန်စွယ်၊ လူကုန်ကူးခြင်းကင်းဝေးဖို့အားလုံးဝိုင်းဝန်းပူးပေါင်းစို့၊ မိုင်းအန္တရာယ်အသိပညာပေးခြင်း” ခေါင်းစဉ်များဖြင့် အသိပညာပေးဆွေးနွေးပွဲအား မုဒုံမြို့၊ အ.ထ.က(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူဦးရေ (၁၃၅)ဦးတို့အား (၁၄-၁၂-၂၀၂၀) ရက်နေ့၊ နံနက်(၁၀းဝဝ) အချိန်မှ(၁၂းဝဝ)အချိန်ထိ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #mon_dec2022

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲအား  (၇-၁၂-၂၀၂၂) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ အမှတ်(၁)အခြေခံပညာအလယ်တန်း‌ကျောင်း၌ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်ဆွေးနွေးခြင်းများပြုလုပ်‌ဆောင်ရွက်ခဲ့ပြီး ဘေး (၉)မျိုးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #ygn_dec2022

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၆-၁၂-၂၀၂၂)ရက်နေ့တွင်  ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ ‌ဇောတိကကျေးရွာရှိ အခြေခံပညာမူလတန်း‌ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲအား  ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အပြန်အလှန်ဆွေးနွေးခြင်းများပြုလုပ်‌ပြုလုပ်ခဲ့ပြီး ဘေး (၉)မျိုးလက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ) #ar #ygn_dec2022

  • သဘာဝဘေးအသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှုးရုံးမှ တာဝန်ရှိသူများသည် (၅-၁၂-၂၀၂၂)ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍  ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် Quick-Win Project အရ ‌ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား သဘာဝအသိပညာများဆွေးနွေးပြောကြားခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများဖြန့်ဝေပေးခဲ့ပါကြေင်း သတင်းရရှိပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး #ar #ygn_dec2022  

  • လေဘေးသင့်ပြည်သူအတွက် ထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂-၁၂-၂၀၂၂) ရက်နေ့ (၁၆:၂၀) အချိန်၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ သာယာကုန်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် ဖြစ်ပွားသောလေဘေးမှ တစ်စိတ်တစ်ပိုင်းပျက်စီးလူနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၅၀,၀၀ဝ)ကျပ်၊ လူဦးရေ(၅)ဦးအတွက် ဆန်ဖိုးထောက်ပံ့ငွေ (၁၀,၅၀ဝ)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၆၀,၅၀ဝ)ကျပ်အား (၅-၁၂-၂၀၂၂) ရက်နေ့(၁၄:၀၀)နာရီအချိန်တွင် မင်းလှ​မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: မင်းလှမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ha_sgw #bgo_dec2022

Sign Up

Upcoming Events