မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများနှင့် မီးဘေးကြောင့်ပြောင်းရွှေ့ အိမ်ထောင်စုများအားထောက်ပံ့မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ်တွင် (၂၂-၄-၂၀၁၇)ရက်နေ့၌ လေပြင်းတိုက်ခတ်မှုခံစားခဲ့ရသော အိမ်ခြေ (၂၄၀)လုံးမှ အိမ်ထောင်စု (၂၄၀)၊ လူဦးရေ (၁၀၆၉)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး သိန်း(၁၂၀)ကျပ်၊ ဆန်ရိက္ခာဖိုး (၂၂၄၄၉၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုး၊ သာသနိကအဆောက် အဦ(၅)ကျောင်းအတွက် (၅၀၀၀၀၀)ကျပ် တို့အားလည်းကောင်း၊ စည်ပင်ကျေးရွာရပ်ကွက်တွင် မီးဘေး ကြောင့်ပြောင်းရွှေ့အိမ်ထောင်စု(၂)စု၊ လူဦးရေ(၁၄)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၃၀၀၀၀၀) ကျပ်၊ ဆန်ရိက္ခာဖိုး (၂၉၄၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး တို့အားလည်းကောင်း လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ (၂၄-၄-၂၀၁၇)ရက်နေ့တွင် ဘေးသင့်ပြည်သူ များ၏လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events