Author Archives: Department of Disaster Management
-
ကမ်းပြို၊ မြေပြိုဘေးအန္တရာယ်နှင့် ပတ်သက်၍ သတိပြုလိုက်နာရမည့်အချက်များအသိပေးနှိုးဆော်ခြင်း
၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် သဘာဝဘေးအန္တရာယ် ကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးမှုများလျော့နည်းသက်သာစေရေးဆောင်ရွက်လျက်ရှိပြီးလူ့အသက် သေဆုံးမှုများလျော့နည်းသက်သာစေရန်မှာပြည်သူလူထုကိုယ်တိုင် ဘေးအန္တရာယ်ဆိုင်ရာအသိပညာဗဟုသုတများကိုလေ့လာသိရှိလိုက်နာရန် လိုအပ်ပါသည်။ ၂။ ယခုအခါ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင်ကမ်းပါးပြိုမှုများများပြားလာခြင်းနှင့် မြေသားပြိုကျမှုကြောင့်အသက်ဆုံးရှုံးမှုများဖြစ်ပေါ်လျက်ရှိသဖြင့် ပြည်သူများအနေဖြင့် မြေပြို/ကမ်းပြိုဘေးများနှင့်ပတ်သက်၍ သတိပြုနေထိုင်ရန် လိုအပ်ပါသည်။ မိုးရာသီကာလအတွင်းမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေများစိမ့်ဝင်ပြီးမြေပြိုကျမှုများဖြစ်ပေါ်နိုင်သည့်အတွက် တောင်စောင်း၊ တောင်တန်းများ၊ ဖို့မြေ (သို့မဟုတ်)မြေသားပျော့သည့်နေရာများ၊ မြစ်ချောင်းကမ်းပါးများအနီးနေထိုင်ကြသူများနှင့်ကျောက်စိမ်းတူးဖော်ရေး/သတ္တုတူးဖော်ရေးလုပ်ငန်းများတွင် အလုပ်လုပ်ကိုင်ကြသူများအနေဖြင့် မြေပြို၊ ကမ်းပြိုဘေးအန္တရာယ်များနှင့်ပတ်သက်၍ အောက်ပါအချက်များကိုသတိပြုလိုက်နာဆောင်ရွက်ကြပါရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကတိုက်တွန်းနှိုးဆော်ထားပါသည်- (က) မိမိနေထိုင်သည့်နေရာ(သို့မဟုတ်)အလုပ်လုပ်ကိုင်သောနေရာများ၏ ဘေးပတ်ဝန်းကျင်ရှိမြေပြိုနိုင်သည့် မြေနေရာအနေအထား၊ စွတ်စိုမှု၊ ကြံ့ခိုင်မှုများကိုသတိပြုလေ့လာပါ။ … Read more
-
ဖားကန့်မြို့နယ် မြေစာပုံပြိုကျမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူများနှင့် ဒဏ်ရာရရှိခဲ့သူများအတွက် ထောက်ပံ့ပေးမှုသတင်း
ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆန်ခါကျေးရွာ၊ မဟာအစပထမကုမ္ပဏီလုပ်ကွက်ဟောင်းတွင် အမြင့်ပေ (၃၀၀)ကျော်ခန့်ရှိ ကမ်းပါးယံမှာ၂၀၁၈ခုနှစ်၊ ဇူလိုင်လ(၁၄)ရက်နေ့တွင် ပြိုကျခဲ့သဖြင့် ရေမဆေးကျောက်ရှာသူ (၁၇)ဦးသေဆုံးခဲ့ပြီး (၄၃)ဦးဒဏ်ရာရရှိခဲ့ပါသည်။ အဆိုပါထိခိုက်နစ်နာသူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သေဆုံးသူတစ်ဦးလျှင် (၃၀၀,၀၀ဝိ/-) (ကျပ်သုံးသိန်းတိတိ)နှုန်းဖြင့် (၁၇)ဦးအတွက် (၅,၁၀၀,၀၀ဝိ/-) (ကျပ်ငါးဆယ့်တစ်သိန်းတိတိ)နှင့် ဒဏ်ရာရရှိခဲ့သူတစ်ဦးလျှင် (၅၀,၀၀ဝိ/-) (ကျပ်ငါးသောင်းတိတိ)နှုန်းဖြင့် (၄၃)ဦးအတွက် (၂,၁၅၀,၀၀ဝိ/) (ကျပ်နှစ်ဆယ့်တစ်သိန်းငါးသောင်းတိတိ)စုစုပေါင်း(၇,၂၅၀,၀၀ဝိ/-) (ကျပ်ခုနစ်ဆယ့်နှစ်သိန်း ငါးသောင်း တိတိ)ကို (၁၅-၇-၂၀၁၈)ရက်နေ့နှင့် (၁၈-၇-၂၀၁၈)ရက်နေ့များတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းသိရှိရပါသည်။ #ha_otr #kcn_jul2018 Source … Read more
-
စလင်းမြို့နယ်နှင့် ရေနံချောင်းမြို့နယ်များတွင် ကမ်းပြိုဘေးထောက်ပံ့မှု သတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်စလင်းမြို့နယ်၊ ကျေးရွာ(၈)ရွာတို့တွင် (၁၇-၇-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် အိမ်ခြေ(၃၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၉၀၀,၀၀၀ိ/-) ကျပ်၊ သာသနိကအဆောက်အဦ (၁)လုံးအတွက် (၁၀၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ(၁၄၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၂၉၄,၀၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄,၂၉၄,၀၀၀ိ/-)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ထောင်စု (၃၉)စုစာတို့အားလည်းကောင်း၊ ရေနံချောင်းမြို့နယ်၊ ကျေးရွာ(၂)ရွာတို့တွင် (၁၃-၇-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် အိမ်ခြေ(၁၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၆၀၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ(၆၉)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၄၄,၉၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၇၄၄,၉၀၀ိ/-)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ထောင်စု … Read more
-
လေဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးနေမှုသတင်း
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်ကျွန်းမြို့နယ်၊ နွားရေကျော်ညောင်လန်းကျေးရွာအုပ်စု၊ ကညင်ခဲကျေးရွာတွင် (၁၁-၇-၂၀၁၈) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့်ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၁)လုံး၊ လူဦးရေ(၅)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ(၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုးနှင့် ဆန်ရိက္ခာဘိုး ထောက်ပံ့ငွေ (၁၁၀၅၀၀ိ/-) အား လည်းကောင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ တန့်ငူကျေးရွာအုပ်စု၊ လာတာချောင်းကျေးရွာ၌ (၁၂-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၂)လုံး၊ ဘေးသင့်ပြည်သူ(၁၂)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၂)ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုးနှင့် ဆန်ရိက္ခာဘိုး ထောက်ပံ့ငွေ(၂၂၅၂၀၀ိ/-)အား လည်ကောင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ တန့်ငူကျေးရွာအုပ်စု၊ ကွမ်းခြံချောင်းကျေးရွာ၌ (၁၃-၇-၂၀၁၈)ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် … Read more
-
ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအားအာရှဖွံ့ဖြိုးရေးဘဏ်(ADB) မှ Country Director, Myanmar Resident Mission ဖြစ်သူ Mr. NewinSinsiriဦးဆောင်သောအဖွဲ့ကလာရောက်တွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ADB မှ Country Director , Myanmar Resident Missionဖြစ်သူ Mr. NewinSinsiri ဦးဆောင်သောအဖွဲ့ ကနေပြည်တော်ရှိအဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ (၁၈.၇.၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် ၂၀၁၈ခုနှစ်၊ မေလ(၂)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း နာဂစ်မုန်တိုင်း(၁၀)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကိုပူးပေါင်းကျင်းပခဲ့မှု၊ ၂၀၁၇ခုနှစ်တွင် ပြည်သူလူထုသဘာဝဘေးရင်ဆိုင်တုံ့ပြန်နိုင်ရေးအမျိုးသားအဆင့် မူဘောင်ချမှတ်ခဲ့ပြီး၎င်းမူဘောင် အကောင်အထည်ဖော်တိုးတက်မှုသုံးသပ်ရေးအလုပ်ရုံဆွေးနွေးပွဲအား ၂၀၁၈ခုနှစ်၊ ဧပြီလတွင် ကျင်းပခဲ့မှု၊ ဧရာဝတီတိုင်းဒေသကြီးအပါအဝင် မြန်မာပြည်သူလူထုသဘာဝဘေးနှင့်ရာသီဥတုပြောင်းလဲမှု ရင်ဆိုင်တုံ့ပြန်နိုင်ရေးစွမ်းရည်မြင့်မားရေးဆိုင်ရာနည်းပညာအကူအညီပေးမှု (၄)နှစ်တာစီမံကိန်းအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေမှုများနှင့်ADBအနေဖြင့် ရခိုင်ပြည်နယ်အလယ်ပိုင်းနှင့် … Read more
-
ဖားကန့်မြို့နယ်၌ မြေပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဖားကန့်မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာရှိ မဟာအစပထမကုမ္ပဏီလုပ်ကွက် အတွင်း (၁၄-၇-၂၀၁၈) ရက်နေ့၊ (၁၄း၁၀) နာရီအချိန်တွင် အမြင့်ပေ (၃၀၀) ခန့်မှ မြေပြိုမှုဖြစ်ပွားခဲ့သည်။ အဆိုပါမြေပြိုမှုကြောင့် သေဆုံးသူ (၁၇) ဦးအတွက် သေဆုံးသူထောက်ပံ့ငွေ (၅၁) သိန်းကျပ်နှင့် ဒဏ်ရာရသူ (၂၄) ဦးအတွက် ထောက်ပံ့ငွေ (၁၂) သိန်းကျပ်၊ စုစုပေါင်း (၆၃) သိန်းကျပ်အား ဘေးသင့်ပြည်သူများထံသို့ (၁၈-၇-၂၀၁၈) ရက်နေ့၊ … Read more
-
ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရံုံးမှ တာဝန် ရှိသူများသည် ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း (၁၆-၇-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဆိပ်ကြီးအနောက်ရပ်ကွက်၊ အောင်ဇေယျလမ်းရှိ အိမ်ခြေ (၁) လုံး မှာ အုန်းပင်ပိ၍ပြိုလဲခြင်းနှင့် ခနောင်တိုအရှေ့ရပ်ကွက်ရှိ နေအိမ် (၃) လုံးမှာအမိုးလန်ပျက်စီးခဲ့သည်။ အဆိုပါဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၄) စုမှ လူဦးရေ (၂၁) ဦးအတွက်ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၄) အိမ်ထောင်စာ၊ ဆန်ရိက္ခာ (၇) ရက်စာဖိုး (၄၄,၁၀၀ိ/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၈၀,၀၀၀ိ/-)ကျပ်၊ … Read more
-
တိုက်ကြီးမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ) +++++++++++++++++++++++++++++ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရံုံးမှ တာဝန် ရှိသူများသည် တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၌ (၁၅-၇-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ငါးလာချောင်းကျေးရွာရှိ နေအိမ် (၁) လုံးမှာ သစ်ပင်ပိ၍ ပြိုကျပျက်စီးခဲ့ပြီး အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးဘေးသင့်ခဲ့ခြင်းနှင့် အဖျောက် (၄) ရပ်ကွက်၊ ပန်းတုန်းပိတ်ကျေးရွာရှိ ကျူးကျော်နေအိမ် (၈) လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ထောင်စု ( ၈ ) စု၊ … Read more
-
ရေဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် ရေပြင်ရှာဖွေကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်ခန်းပြုလုပ်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာန၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ရေဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် ရေပြင်ရှာဖွေကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်ခန်းအား(၁၆-၇-၂၀၁၈)ရက်နေ့၊ မွန်းလွဲ(၁၄း၀၀) နာရီအချိန်တွင် မြောက်ဦးမြို့၊ အောင်တပ်ရပ်ကွက်၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှအဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်မီးသတ်ဦးစီးမှူးမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ရှင်းလင်းပြောကြားခြင်း၊ ခရိုင်ဘေးစီမံဦးစီးမှူးမှ ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ဆောင်ရန်/ရှောင်ရန်များကို ရှင်းလင်းပြောကြားခြင်း ခရိုင်ကြက်ခြေနီတပ်ဖွဲ့တာဝန်ခံမှ ရေနစ်သူအားအသက်ရှူအားကူနည်းစနစ် နှလုံးနှိုးဆွနည်း(CPR)၊ ဒဏ်ရာရသူအားပတ်တီးစည်းနည်းများနှင့် ထမ်းစင်ဖြင့်လူနာသယ်ဆောင်နည်းများအား ရှင်းလင်းသရုပ်ပြခြင်း၊ မြို့နယ်မီးသတ်ဦးစီးမှူးမှ ရေပြင်အသက်ကယ်နည်းစနစ်များအားရှင်းလင်းပြောကြားခဲ့ပြီး ရေပြင်တွင်ရှာဖွေကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကိုဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်စာရေးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ စုစုပေါင်း(၁၅၀)ဦးခန့်တက်ရောက်ခဲ့ပြီး ဘေး(၈)မျိုးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။ … Read more
-
လေဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၇-၂၀၁၈) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ အပြောင်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်နေအိမ်ပေါ်သို့လဲကျခဲ့ရာ နေအိမ်(၁) လုံး လဲပြိုပျက်စီးခဲ့ပါသည်။ အဆိုပါ နေအိမ်ရှိ အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ် ၊ဆန်ဖိုးငွေ (၇) ရက်စာ (၂,၁၀၀) ကျပ်၊ (၁) အိမ်ထောင်စုစာ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး တို့ကို (၁၇-၇-၂၀၁၈) ရက်နေ့တွင် ကွင်းဆင်းသွားရောက်ထောက်ပံ့ ပေးခဲ့ကြောင်း … Read more
