ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးအားအာရှဖွံ့ဖြိုးရေးဘဏ်(ADB) မှ Country Director, Myanmar Resident Mission ဖြစ်သူ Mr. NewinSinsiriဦးဆောင်သောအဖွဲ့ကလာရောက်တွေ့ဆုံ

18_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား ADB မှ Country Director , Myanmar Resident Missionဖြစ်သူ Mr. NewinSinsiri ဦးဆောင်သောအဖွဲ့ ကနေပြည်တော်ရှိအဆိုပါဝန်ကြီးရုံးမေခလာခန်းမ၌ (၁၈.၇.၂၀၁၈) ရက်နေ့ နံနက်ပိုင်းတွင် လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ၂၀၁၈ခုနှစ်၊ မေလ(၂)ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း နာဂစ်မုန်တိုင်း(၁၀)နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကိုပူးပေါင်းကျင်းပခဲ့မှု၊ ၂၀၁၇ခုနှစ်တွင် ပြည်သူလူထုသဘာဝဘေးရင်ဆိုင်တုံ့ပြန်နိုင်ရေးအမျိုးသားအဆင့် မူဘောင်ချမှတ်ခဲ့ပြီး၎င်းမူဘောင် အကောင်အထည်ဖော်တိုးတက်မှုသုံးသပ်ရေးအလုပ်ရုံဆွေးနွေးပွဲအား ၂၀၁၈ခုနှစ်၊ ဧပြီလတွင် ကျင်းပခဲ့မှု၊ ဧရာဝတီတိုင်းဒေသကြီးအပါအဝင် မြန်မာပြည်သူလူထုသဘာဝဘေးနှင့်ရာသီဥတုပြောင်းလဲမှု ရင်ဆိုင်တုံ့ပြန်နိုင်ရေးစွမ်းရည်မြင့်မားရေးဆိုင်ရာနည်းပညာအကူအညီပေးမှု (၄)နှစ်တာစီမံကိန်းအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေမှုများနှင့်ADBအနေဖြင့် ရခိုင်ပြည်နယ်အလယ်ပိုင်းနှင့် တောင်ပိုင်းဒေသတွင် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးနိုင်ရေးစီမံကိန်းများဆောင်ရွက်နေပြီးUEHRD ၏ လမ်းညွှန်မှုနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည့်ကိစ္စရပ်များအားဆွေးနွေးခဲ့ကြောင်းသတင်းရရှိပါသည်။

 

#hl1_otr
#npw_jul2018
Source – MSWRR

Sign Up

Upcoming Events