
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မော်လမြိုင်ကျွန်းမြို့နယ်၊ နွားရေကျော်ညောင်လန်းကျေးရွာအုပ်စု၊ ကညင်ခဲကျေးရွာတွင် (၁၁-၇-၂၀၁၈) ရက်နေ့၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့်ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၁)လုံး၊ လူဦးရေ(၅)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ(၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုးနှင့် ဆန်ရိက္ခာဘိုး ထောက်ပံ့ငွေ (၁၁၀၅၀၀ိ/-) အား လည်းကောင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ တန့်ငူကျေးရွာအုပ်စု၊ လာတာချောင်းကျေးရွာ၌
(၁၂-၇-၂၀၁၈) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၂)လုံး၊ ဘေးသင့်ပြည်သူ(၁၂)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၂)ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုးနှင့် ဆန်ရိက္ခာဘိုး ထောက်ပံ့ငွေ(၂၂၅၂၀၀ိ/-)အား လည်ကောင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ တန့်ငူကျေးရွာအုပ်စု၊ ကွမ်းခြံချောင်းကျေးရွာ၌ (၁၃-၇-၂၀၁၈)ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၁)လုံး၊ လူဦးရေ(၃)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုးနှင့် ဆန်ရိက္ခာဘိုး ထောက်ပံ့ငွေ(၁၀၆၃၀၀ိ/-)အား လည်ကောင်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ပလွန်စာကျေးရွာအုပ်စု၊ မြက်တိုကွင်းကျေးရွာ၌ (၁၅-၇-၂၀၁၈)ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၁)လုံး၊ လူဦးရေ(၄)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုးနှင့် ဆန်ရိက္ခာဘိုး ထောက်ပံ့ငွေ(၁၀၈၄၀၀ိ/-)အား လည်ကောင်း၊ မော်လမြိုင်ကျွန်းမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ မြရတနာလမ်း၌ (၁၅-၇-၂၀၁၈)ရက်နေ့တွင်ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ်(၁)လုံး၊ လူဦးရေ(၂)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၁)ပုံး၊ အိမ်ဆောက်ပစ္စည်းဘိုးနှင့် ဆန်ရိက္ခာဘိုး ထောက်ပံ့ငွေ(၁၀၄၂၀၀ိ/-) တို့အား မော်လမြိုင်ကျွန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ (၁၈-၇-၂၀၁၈)ရက်နေ့(၁၀း၀၀)အချိန်တွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တို့နှင့်အတူ ဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_sgw
#ayy_jul2018
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး(ဘစမ)