လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မီးသတ်ဦးစီးဌာန၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့တို့နှင့်ပူးပေါင်း၍ ရေဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲနှင့် ရေပြင်ရှာဖွေကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်ခန်းအား(၁၆-၇-၂၀၁၈)ရက်နေ့၊ မွန်းလွဲ(၁၄း၀၀) နာရီအချိန်တွင် မြောက်ဦးမြို့၊ အောင်တပ်ရပ်ကွက်၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဝင်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့မှအဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်မီးသတ်ဦးစီးမှူးမှ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ရှင်းလင်းပြောကြားခြင်း၊ ခရိုင်ဘေးစီမံဦးစီးမှူးမှ ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ဆောင်ရန်/ရှောင်ရန်များကို ရှင်းလင်းပြောကြားခြင်း ခရိုင်ကြက်ခြေနီတပ်ဖွဲ့တာဝန်ခံမှ ရေနစ်သူအားအသက်ရှူအားကူနည်းစနစ် နှလုံးနှိုးဆွနည်း(CPR)၊ ဒဏ်ရာရသူအားပတ်တီးစည်းနည်းများနှင့် ထမ်းစင်ဖြင့်လူနာသယ်ဆောင်နည်းများအား ရှင်းလင်းသရုပ်ပြခြင်း၊ မြို့နယ်မီးသတ်ဦးစီးမှူးမှ ရေပြင်အသက်ကယ်နည်းစနစ်များအားရှင်းလင်းပြောကြားခဲ့ပြီး ရေပြင်တွင်ရှာဖွေကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းတို့ကိုဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့်စာရေးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူများ စုစုပေါင်း(၁၅၀)ဦးခန့်တက်ရောက်ခဲ့ပြီး ဘေး(၈)မျိုးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။
Source: မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ) #simex-fld #rke-jul2018