
ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်စလင်းမြို့နယ်၊ ကျေးရွာ(၈)ရွာတို့တွင် (၁၇-၇-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် အိမ်ခြေ(၃၉)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃,၉၀၀,၀၀၀ိ/-) ကျပ်၊ သာသနိကအဆောက်အဦ
(၁)လုံးအတွက် (၁၀၀,၀၀၀ိ/-)ကျပ်၊ လူဦးရေ(၁၄၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၂၉၄,၀၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄,၂၉၄,၀၀၀ိ/-)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ထောင်စု (၃၉)စုစာတို့အားလည်းကောင်း၊ ရေနံချောင်းမြို့နယ်၊ ကျေးရွာ(၂)ရွာတို့တွင် (၁၃-၇-၂၀၁၈)ရက်နေ့တွင် ဖြစ်ပွားခဲ့သောကမ်းပြိုဘေးကြောင့် အိမ်ခြေ(၁၆)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁,၆၀၀,၀၀၀ိ/-) ကျပ်၊ လူဦးရေ(၆၉)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ (၁၄၄,၉၀၀ိ/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၇၄၄,၉၀၀ိ/-)ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး၊ အိမ်ထောင်စု (၁၆)စုစာတို့အားလည်းကောင်း (၁၈-၇-၂၀၁၈)ရက်နေ့တွင် သက်ဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူ များနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် အသီးသီးသွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း
သတင်းရရှိပါသည် ။
#ha_rbe
#mgy_jul2018
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)