လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၄-၇-၂၀၁၈) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ အပြောင်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်နေအိမ်ပေါ်သို့လဲကျခဲ့ရာ နေအိမ်(၁) လုံး လဲပြိုပျက်စီးခဲ့ပါသည်။ အဆိုပါ နေအိမ်ရှိ အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀) ကျပ် ၊ဆန်ဖိုးငွေ (၇) ရက်စာ (၂,၁၀၀) ကျပ်၊ (၁) အိမ်ထောင်စုစာ ကယ်ဆယ်ရေးပစ္စည်း (၁၅) မျိုး တို့ကို (၁၇-၇-၂၀၁၈) ရက်နေ့တွင် ကွင်းဆင်းသွားရောက်ထောက်ပံ့ ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#ayy_jul2018