ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

 

18 Pic_01 18 Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရံုံးမှ တာဝန် ရှိသူများသည် ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း (၁၆-၇-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဆိပ်ကြီးအနောက်ရပ်ကွက်၊ အောင်ဇေယျလမ်းရှိ အိမ်ခြေ (၁) လုံး မှာ အုန်းပင်ပိ၍ပြိုလဲခြင်းနှင့် ခနောင်တိုအရှေ့ရပ်ကွက်ရှိ နေအိမ် (၃) လုံးမှာအမိုးလန်ပျက်စီးခဲ့သည်။

အဆိုပါဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၄) စုမှ လူဦးရေ (၂၁) ဦးအတွက်ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၄) အိမ်ထောင်စာ၊ ဆန်ရိက္ခာ (၇) ရက်စာဖိုး (၄၄,၁၀၀ိ/-)ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၈၀,၀၀၀ိ/-)ကျပ်၊ စုစုပေါင်း (၂၂၄,၁၀၀ိ/-)ကျပ်တို့အား (၁၈-၇-၂၀၁၈) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

#ha_sgw

#ygn_july2018

Source:         ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events