ဖားကန့်မြို့နယ် မြေစာပုံပြိုကျမှုကြောင့် အသက်ဆုံးရှုံးခဲ့ရသူများနှင့် ဒဏ်ရာရရှိခဲ့သူများအတွက် ထောက်ပံ့ပေးမှုသတင်း

18_Pic_01

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ ဆန်ခါကျေးရွာ၊ မဟာအစပထမကုမ္ပဏီလုပ်ကွက်ဟောင်းတွင် အမြင့်ပေ (၃၀၀)ကျော်ခန့်ရှိ ကမ်းပါးယံမှာ၂၀၁၈ခုနှစ်၊ ဇူလိုင်လ(၁၄)ရက်နေ့တွင် ပြိုကျခဲ့သဖြင့် ရေမဆေးကျောက်ရှာသူ (၁၇)ဦးသေဆုံးခဲ့ပြီး (၄၃)ဦးဒဏ်ရာရရှိခဲ့ပါသည်။ အဆိုပါထိခိုက်နစ်နာသူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက သေဆုံးသူတစ်ဦးလျှင် (၃၀၀,၀၀ဝိ/-) (ကျပ်သုံးသိန်းတိတိ)နှုန်းဖြင့် (၁၇)ဦးအတွက် (၅,၁၀၀,၀၀ဝိ/-) (ကျပ်ငါးဆယ့်တစ်သိန်းတိတိ)နှင့် ဒဏ်ရာရရှိခဲ့သူတစ်ဦးလျှင် (၅၀,၀၀ဝိ/-) (ကျပ်ငါးသောင်းတိတိ)နှုန်းဖြင့် (၄၃)ဦးအတွက် (၂,၁၅၀,၀၀ဝိ/) (ကျပ်နှစ်ဆယ့်တစ်သိန်းငါးသောင်းတိတိ)စုစုပေါင်း(၇,၂၅၀,၀၀ဝိ/-) (ကျပ်ခုနစ်ဆယ့်နှစ်သိန်း ငါးသောင်း တိတိ)ကို (၁၅-၇-၂၀၁၈)ရက်နေ့နှင့် (၁၈-၇-၂၀၁၈)ရက်နေ့များတွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ  သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်းသိရှိရပါသည်။

#ha_otr
#kcn_jul2018
Source – မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events