လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် ဖားကန့်မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာရှိ မဟာအစပထမကုမ္ပဏီလုပ်ကွက် အတွင်း (၁၄-၇-၂၀၁၈) ရက်နေ့၊ (၁၄း၁၀) နာရီအချိန်တွင် အမြင့်ပေ (၃၀၀) ခန့်မှ မြေပြိုမှုဖြစ်ပွားခဲ့သည်။
အဆိုပါမြေပြိုမှုကြောင့် သေဆုံးသူ (၁၇) ဦးအတွက် သေဆုံးသူထောက်ပံ့ငွေ (၅၁) သိန်းကျပ်နှင့် ဒဏ်ရာရသူ (၂၄) ဦးအတွက် ထောက်ပံ့ငွေ (၁၂) သိန်းကျပ်၊ စုစုပေါင်း (၆၃) သိန်းကျပ်အား ဘေးသင့်ပြည်သူများထံသို့ (၁၈-၇-၂၀၁၈) ရက်နေ့၊ (၁၂း၀၀) နာရီအချိန်ခန့်တွင် သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
#lsd
#kcn_july2018
Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး(ဘစမ)