Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)
+++++++++++++++++++++++++++++
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရံုံးမှ တာဝန် ရှိသူများသည် တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့၌ (၁၅-၇-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် ငါးလာချောင်းကျေးရွာရှိ နေအိမ် (၁) လုံးမှာ သစ်ပင်ပိ၍ ပြိုကျပျက်စီးခဲ့ပြီး အိမ်ထောင်စု (၁) စုမှ လူဦးရေ (၃) ဦးဘေးသင့်ခဲ့ခြင်းနှင့် အဖျောက် (၄) ရပ်ကွက်၊ ပန်းတုန်းပိတ်ကျေးရွာရှိ ကျူးကျော်နေအိမ် (၈) လုံး အမိုးလန်ပျက်စီးခဲ့ပြီး အိမ်ထောင်စု ( ၈ ) စု၊ လူဦးရေ (၃၆) ဦး ဘေးသင့်ခဲ့ခြင်းတို့အတွက် လည်းကောင်း၊
တိုက်ကြီးမြို့နယ်၊ ခုနှစ်ကျိုက်အနောက်ကျေးရွာ၌ (၂၆-၆-၂၀၁၈) ရက်နေ့တွင် လေပြင်းတိုက်ခတ်မှုကြောင့် တော်လတီ – ရွာသာကားလမ်းဘေးရှိ ကျူးကျော်နေအိမ် (၂) လုံးပျက်စီးခဲ့ပြီး ဘေးသင့်ခဲ့သည့် အိမ်ထောင်စု (၂) စုမှ လူဦးရေ (၆) ဦးတို့အတွက် လည်းကောင်း၊
ကယ်ဆယ်ရေးပစ္စည်း (၁၁) မျိုး (၁၁) အိမ်ထောင်စာ၊ ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀ိ/-) ကျပ်နှင့် ဘေးသင့်လူဦးရေ (၄၅) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာအတွက် စုစုပေါင်းထောက်ပံငွေ (၉၄၅၀၀ိ/-) ကျပ်အား (၁၇-၇-၂၀၁၈) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
#ha_sgw
#ygn_july2018