Author Archives: RRD
-
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ခေါင်းကွဲလေးကျေးရွာ၊ လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်းများ ထပ်မံထောက်ပံ့ပေးမှုသတင်း
(၁၀-၄-၂၁၀၆) ရက်နေ့တွင် ထပ်မံရရှိသော သတင်းအချက်အလက်များ အရ- မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ခေါင်းကွဲလေးကျေးရွာ၌ (၅-၄-၂၀၁၆) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် လေဘေးကြောင့် ထပ်တိုးအမိုးလန်ပြိုလဲအိမ်များမှ ဘေးဒုက္ခခံစားခဲ့ရသည့် ဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူးက ကယ်ဆယ်ရေးပစ္စည်း(၄)မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅,၁၈၀,၀၀၀) တို့ကို ထပ်မံထောက်ပံ့ပေးအပ်ခဲ့ပြီး အားပေးစကားများပြောကြားခဲ့ကြောင်း သိရှိရပါသည်။
-
ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ မီးဘေးသင့်ပြည်သူများအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှထောက်ပံ့မှုအခြေအနေသတင်း
၁။ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ မကာဟိုခမ်းရပ်ကွက်၊ နယ်မြေ(၇)၊ အိမ်အမှတ်(၇/၆၂)နေ ဒေါ်တင်လတ်၏ နေအိမ်၌(၉-၄-၂၀၁၆)နေ့၊ (၁၉:၂၀)အချိန်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၂၉)လုံး ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ(၅၆၂၅၀၀၀)ဖြစ်ပါသည်။ အဆိုပါဘေးကြောင့် အိမ်ထောင်စု (၂၉)စုမှ ကျား(၇၆)ဦး၊ မ(၈၉)ဦး၊ စုစုပေါင်းလူဦးရေ(၁၆၅)ဦး မီးဘေးဒုက္ခကြုံတွေ့ခဲ့ရကြောင်း သတင်း ရရှိပါသည်။ ၂။ အဆိုပါဘေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ အိမ်ဆောက်ပစ္စည်း တန်ဖိုးငွေ(၂၉၅၀၀၀၀)၊ ဆန်ရိက္ခာဖိုးငွေကျပ်(၁၄၈၅၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးတို့ကို (၂၉)အိမ်ထောင်စာအတွက် (၁၀-၄-၂၀၁၆)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ ပါသည်။
-
ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ မီးဘေးသင့်ပြည်သူများအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုအခြေအနေသတင်း
၁။ ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ သာစည်အုပ်စု၊ အောင်သာတဲကုန်းကျေးရွာ၌ (၁၀-၄-၂၀၁၆) ရက်နေ့၊ (၁၁:၁၀) အချိန်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အိမ်ခြေ(၁)လုံးပျက်စီးခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုးမှာကျပ်(၅၆၀၀၀)ဖြစ်ပါသည်။ အဆိုပါဘေးကြောင့် အိမ်ထောင်စု(၁)စုမှ ကျား(၁)ဦး၊ မ(၁)ဦး၊ စုစုပေါင်းလူဦးရေ(၂)ဦး မီးဘေးဒုက္ခကြုံတွေ့ခဲ့ရပါကြောင်း သတင်းရရှိပါသည်။ ၂။ အဆိုပါဘေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီး မှူးရုံးမှ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးကို အိမ်ထောင်စု(၁)စုစာအတွက် (၁၀-၄-၂၀၁၆)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
-
မိုးကြိုးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအသိပေးနှိုးဆော်ခြင်း
၁။ မိုးကြိုးဘေးအန္တရာယ်သည် မိုးကြိုကာလများ၊ မိုးတွင်းကာလများနှင့် ရာသီဥတု ရုတ်ခြည်း ဖောက်ပြန်ပြောင်းလဲသောအချိန်ကာလမျိုး၌ ဖြစ်ပွားတတ်ပြီး မိုးကြိုကာလ (ဧပြီ၊ မေ) နှင့် မိုးနှောင်းကာလ (အောက်တိုဘာ၊ နိုဝင်ဘာ) လတို့တွင် အဖြစ်များလေ့ရှိပါသည်။ ၂။ ထိုကာလများ၌ မိမိတို့ဒေသအနီးတစ်ဝိုက်တွင် မိုးခြိမ်းခြင်းနှင့် လျှပ်စီးလက်ခြင်းတို့ မကြာခဏ ဖြစ်ပွားနေပါက မိုးကြိုးပစ်နိုင်သည့်အန္တရာယ်ရှိကြောင်း သတိပြုနေထိုင်ရမည်ဖြစ်ပါသည်။ လေ့လာတွေ့ရှိ မှုများအရ တစ်နေ့တာအတွင်း မိုးကြိုးပစ်ခြင်း အဖြစ်အများဆုံးအချိန်မှာ မွန်းတည့် (၁၂) နာရီမှ ညနေ (၆) နာရီအတွင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ ၃။ မိုးကြိုးပစ်ခြင်းဖြစ်စဉ်များကို … Read more
-
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ ထောက်ပံ့မှုအခြေအနေသတင်း
၁။ ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ စေတီခုံကျေးရွာအုပ်စု၊ ကန်ကွင်းကျေးရွာအုပ်စုနှင့် ဘွက်ကျေးရွာအုပ်စုတို့၌ (၈-၄-၂၀၁၆) ရက်နေ့ (၁၆:၃၅) အချိန်တွင် လေပြင်းတိုက်ခတ်ခဲ့ရာ နေအိမ် (၅၀) လုံး အမိုးလန်ခဲ့ပြီး၊ နေအိမ် (၈) လုံး ပျက်စီးခဲ့ပါသည်။ အဆိုပါဘေးကြောင့် အိမ်ထောင်စု (၆၀) စုမှ လူဦးရေ စုစုပေါင်း (၁၇၁) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ကြောင်း သတင်းရရှိပါသည်။ ၂။ အဆိုပါဘေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ အမိုးလန်ပျက်စီး (၅၀) အိမ်ထောင်စာအတွက် ကယ်ဆယ်ရေးပစ္စည်း … Read more
-
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ ထောက်ပံ့မှုအခြေအနေသတင်း
၁။ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မြဝတီကျေးရွာအုပ်စုနှင့်ကျွန်းထောင့်ကျေးရွာအုပ်စု၌ (၆-၄-၂၀၁၆) ရက်နေ့ (၂၀:၄၅) အချိန်တွင် လေပြင်းတိုက်ခတ်ခဲ့ရာ နေအိမ် (၁၄) လုံး အမိုးလန်ပျက်စီးခဲ့ပါသည်။ အဆိုပါဘေးကြောင့် အိမ်ထောင်စု (၁၄) စုမှ လူဦးရေ စုစုပေါင်း (၆၀) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ကြောင်း သတင်းရရှိပါသည်။ ၂။ အဆိုပါဘေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဆန်ရိက္ခာဖိုးငွေကျပ် (၅၄၀၀၀/-)၊ ကယ်ဆယ်ရေး ပစ္စည်း (၄) မျိုးကို (၁၄) အိမ်ထောင်စာအတွက် (၉-၄-၂၀၁၆) … Read more
-
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်နှင့် မင်းလှမြို့နယ်အတွင်းရှိ လေဘေးသင့်ပြည်သူများအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ ထောက်ပံ့မှုအခြေအနေသတင်း
၁။ မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ သာဝတ္ထိကျေးရွာ၌ (၇-၄-၂၀၁၆) ရက်နေ့ (၁၇:၀၀) အချိန်တွင် လေပြင်းတိုက်ခတ်ခဲ့ရာ နေအိမ် (၉) လုံး အမိုးလန် ပျက်စီးခဲ့ပါသည်။ အဆိုပါဘေးကြောင့် အိမ်ထောင်စု (၉) စုမှ စုစုပေါင်း လူဦးရေ (၅၀) ဦး၊ ဘေးဒုက္ခကြုံတွေ့ခဲ့ကြောင်းသတင်းရရှိပါသည်။ ၂။ အလားတူ မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ရေပေါ်ကျေးရွာ၌ (၇-၄-၂၀၁၆)ရက်နေ့၊ (၁၅:၀၀) အချိန်တွင် လေပြင်းတိုက်ခတ်ခဲ့ရာ နေအိမ် (၁) လုံး အမိုးလန်ပျက်စီးခဲ့ပါသည်။ အဆိုပါဘေးကြောင့် အိမ်ထောင်စု (၁) စုမှ … Read more
-
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ လေဘေးသင့်ပြည်သူများအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ ထောက်ပံ့မှုအခြေအနေသတင်း
၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ကျေးရွာအုပ်စု၊ တောင်ဖီလာကွင်း၌ (၆-၄-၂၀၁၆) နေ့၊ (၂၀:၃၀) အချိန်တွင် လေပြင်း တိုက်ခတ်ခဲ့ရာ နေအိမ် (၁၉) လုံးအမိုးလန်ခဲ့ပြီး နေအိမ် (၅) လုံး ပြိုကျပျက်စီး ခဲ့ပါသည်။ အဆိုပါဘေးကြောင့် အိမ်ထောင်စု(၂၂) စုမှ လူဦးရေ စုစုပေါင်း (၉၄) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ကြောင်း သတင်းရရှိပါသည်။ ၂။ အဆိုပါဘေးအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဆန်ရိက္ခာဖိုးငွေ (၈၄,၆၀၀/-)၊ … Read more
-
အယ်နီညိုကြောင့် သောက်သုံးရေ အလွန်လိုအပ်လျက်ရှိသော ကျေးရွာများသို့ ကွင်းဆင်း၍ အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးသည် (၈-၄-၂၀၁၆) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့သို့ ရောက်ရှိပြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးနှင့် သိုလှောင်ရုံတို့အား ကြည့်ရှုပြီး သဘာဝဘေးအန္တရာယ်ကျရောက်ပါက ချက်ချင်းတုန့်ပြန်ဆောင်ရွက်မှုပြုနိုင်ရန်နှင့် ဘေးဒုက္ခကျရောက်နေသော ပြည်သူများအတွက် ထိရောက်စွာ အကူအညီပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက်အယ်နီညိုကြောင့် သောက်သုံးရေ အလွန်လိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ်၊ ချောင်းဝကျေးရွာအုပ်စု၊ ငါ့လင်းပုတ်ကျေးရွာသို့ သွားရောက်ပြီး မင်္ဂလာမြန်မာမှ လှူဒါန်းသည့် ငွေကျပ် (၂၂) သိန်းတန်ဖိုးရှိ ရေသန့်စင်စက် (၁) လုံးအား ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့သို့ … Read more
-
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ မီးဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုအခြေအနေသတင်း
၁။ ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ညောင်လေးပင်ကျေးရွာ၌ (၇-၄-၂၀၁၆) ရက်နေ့၊ (၁၆:၀၀) အချိန်တွင် မီးဘေးဖြစ်ပွားခဲ့ရာ သွပ်မိုး၊ ထရံကာ နေအိမ် (၄) လုံး၊ မြေစိုက်၊ ထရံကာ နေအိမ် (၁၁) လုံး၊ စုစုပေါင်း နေအိမ် (၁၅) လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု (၁၅) စုမှ ကျား (၂၄) ဦး၊ မ (၄၀) ဦး၊ စုစုပေါင်း (၆၄) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ကြောင်း သတင်းရရှိပါသည်။ ၂။ အဆိုပါဘေးအတွက် … Read more
