အယ်နီညိုကြောင့် သောက်သုံးရေ အလွန်လိုအပ်လျက်ရှိသော ကျေးရွာများသို့ ကွင်းဆင်း၍ အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်းမှုသတင်း

Capture1  CaptureCapture2Capture3

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးသည် (၈-၄-၂၀၁၆) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့သို့ ရောက်ရှိပြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးနှင့် သိုလှောင်ရုံတို့အား ကြည်‌့ရှုပြီး သဘာဝဘေးအန္တရာယ်ကျရောက်ပါက ချက်ချင်းတုန့်ပြန်ဆောင်ရွက်မှုပြုနိုင်ရန်နှင့် ဘေးဒုက္ခကျရောက်နေသော ပြည်သူများအတွက် ထိရောက်စွာ အကူအညီပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ ထို့နောက်အယ်နီညိုကြောင့် သောက်သုံးရေ အလွန်လိုအပ်လျက်ရှိသော ညောင်ဦးမြို့နယ်၊ ချောင်းဝကျေးရွာအုပ်စု၊ ငါ့လင်းပုတ်ကျေးရွာသို့ သွားရောက်ပြီး မင်္ဂလာမြန်မာမှ လှူဒါန်းသည်‌့ ငွေကျပ် (၂၂) သိန်းတန်ဖိုးရှိ ရေသန့်စင်စက် (၁) လုံးအား ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့သို့ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။ ဆက်လက်၍ ရေသန့်စင်စက်အား လက်တွေ့အသုံးချနိုင်ရန် သရုပ်ပြသည်‌့ အခမ်းအနားသို့ တက်ရောက်ခဲ့ကာ ပျက်စီးနေသော လက်ရှိရေစုပ်စက်ပန့်ပြုပြင်ရန်အတွက် ဝန်ကြီးဌာနမှ ငွေကျပ် ( ၁၀ ) သိန်းအား သက်ဆိုင်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ညောင်ဦးခရိုင် လက်ထောက်လူမှုဝန်ထမ်းရုံးသို့ ရောက်ရှိပြီး ဦးစီးဌာန (၂) ခုမှ အရာထမ်း/ အမှုထမ်းများနှင့် တွေ့ဆုံကာ ဝန်ထမ်းများအနေဖြင့် ပြည်သူများနှင့် နီးစပ်စွာ လုပ်ကိုင်ဆောင်ရွက်ကြရန်နှင့် မိမိတို့၏ စွမ်းဆောင်ရည်မြင့်မားအောင် အစဉ်ကြိုးစားကြစေလိုကြောင်း၊ ဝန်ထမ်းများ၏လိုအပ်ချက်များကိုလည်း အတတ်နိုင်ဆုံးဖြည့်ဆည်းပေးနိုင်ရန် ဝန်ကြီးဌာနအနေဖြင့်လည်း ကြိုးစားဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပုဂံမူလတန်းကြိုကျောင်းအား ဝင်ရောက်ကြည်‌့ရှုခဲ့ပြီး မြင်းခြံမြို့သို့ သွားရောက်ကာ အမှတ် ( ၁ ) ရပ်ကွက် တိုးချဲ့ဓမ္မာရုံတွင် (၅-၄-၂၀၁၆) ရက်နေ့တွင် ဖြစ်ပွားခဲ့သည်‌့ လေဘေးကြောင့် ပြိုကျအိမ် (၃၂) လုံးအတွက် တစ်အိမ်လျှင် (၅၀၀၀၀) နှုန်းဖြင့် ငွေကျပ် (၁၆) သိန်း၊ အမိုးလန ပျက်စီးခဲ့သည်‌့ နေအိမ် (၈၂) လုံးအတွက် တစ်အိမ်လျှင် (၂၀၀၀၀) နှုန်းဖြင့် (၁၆၄၀၀၀၀)၊ အိမ်ထောင်စု (၁၁၄) စုအတွက် ဆန်(၃) ရက်စာ ထောက်ပံ့ငွေ(၄၈၀၀၀၀)၊ တန်ဖိုးငွေ (၁၃၇၂၇၇၂) ရှိ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၃၂) အိမ်ထောင်စာနှင့် ကယ်ဆယ်ရေးပစ္စည်း(၄) မျိုး (၈၂) အိမ်ထောင်စာ၊ ပစ္စည်းစုံ (၂၆) မျိုးပါ Family Kit (၃၂) ပုံးတို့ကို ဘေးသင့်ပြည်သူများထံ ထောက်ပံ့ပေးအပ်ကာ ဘေးသင့်ပြည်သူများအား ရင်းနှီးစွာ အားပေးခဲ့ပြီး မြင်းခြံခရိုင် လူမှုဝန်ထမ်းဦးစီးရုံးနှင့် မူလတန်းကြိုကျောင်းတို့အား ကြည်‌့ရှုလေ့လာခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events