၁။ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မြဝတီကျေးရွာအုပ်စုနှင့်ကျွန်းထောင့်ကျေးရွာအုပ်စု၌ (၆-၄-၂၀၁၆) ရက်နေ့ (၂၀:၄၅) အချိန်တွင် လေပြင်းတိုက်ခတ်ခဲ့ရာ နေအိမ် (၁၄) လုံး အမိုးလန်ပျက်စီးခဲ့ပါသည်။ အဆိုပါဘေးကြောင့် အိမ်ထောင်စု (၁၄) စုမှ လူဦးရေ စုစုပေါင်း (၆၀) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ကြောင်း သတင်းရရှိပါသည်။
၂။ အဆိုပါဘေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဆန်ရိက္ခာဖိုးငွေကျပ် (၅၄၀၀၀/-)၊ ကယ်ဆယ်ရေး ပစ္စည်း (၄) မျိုးကို (၁၄) အိမ်ထောင်စာအတွက် (၉-၄-၂၀၁၆) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။