၁။ ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ စေတီခုံကျေးရွာအုပ်စု၊ ကန်ကွင်းကျေးရွာအုပ်စုနှင့် ဘွက်ကျေးရွာအုပ်စုတို့၌ (၈-၄-၂၀၁၆) ရက်နေ့ (၁၆:၃၅) အချိန်တွင် လေပြင်းတိုက်ခတ်ခဲ့ရာ နေအိမ် (၅၀) လုံး အမိုးလန်ခဲ့ပြီး၊ နေအိမ် (၈) လုံး ပျက်စီးခဲ့ပါသည်။ အဆိုပါဘေးကြောင့် အိမ်ထောင်စု (၆၀) စုမှ လူဦးရေ စုစုပေါင်း (၁၇၁) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ကြောင်း သတင်းရရှိပါသည်။
၂။ အဆိုပါဘေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ အမိုးလန်ပျက်စီး (၅၀) အိမ်ထောင်စာအတွက် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုးနှင့် ပြိုကျပျက်စီး (၈) အိမ်ထောင်စာအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးတို့ကို (၉-၄-၂၀၁၆) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။