ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ မီးဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုအခြေအနေသတင်း

၁။     ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်၊ ညောင်လေးပင်ကျေးရွာ၌ (၇-၄-၂၀၁၆) ရက်နေ့၊ (၁၆:၀၀) အချိန်တွင် မီးဘေးဖြစ်ပွားခဲ့ရာ သွပ်မိုး၊ ထရံကာ နေအိမ် (၄) လုံး၊ မြေစိုက်၊ ထရံကာ နေအိမ် (၁၁) လုံး၊ စုစုပေါင်း နေအိမ် (၁၅) လုံး မီးလောင်ကျွမ်းခဲ့ပြီး အိမ်ထောင်စု (၁၅) စုမှ ကျား (၂၄) ဦး၊ မ (၄၀) ဦး၊ စုစုပေါင်း (၆၄) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ကြောင်း သတင်းရရှိပါသည်။

၂။     အဆိုပါဘေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ ဆန်ရိက္ခာဖိုးငွေ (၅၇,၆၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၉၅၀,၀၀၀/-)၊ တန်ဖိုးငွေ (၃၃၀,၉၉၀/-) ရှိ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၁၅) အိမ်ထောင်စာကို (၈-၄-၂၀၁၆) ရက်နေ့၌ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events