၁။ မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ သာဝတ္ထိကျေးရွာ၌ (၇-၄-၂၀၁၆) ရက်နေ့ (၁၇:၀၀) အချိန်တွင် လေပြင်းတိုက်ခတ်ခဲ့ရာ နေအိမ် (၉) လုံး အမိုးလန် ပျက်စီးခဲ့ပါသည်။ အဆိုပါဘေးကြောင့် အိမ်ထောင်စု (၉) စုမှ စုစုပေါင်း လူဦးရေ (၅၀) ဦး၊ ဘေးဒုက္ခကြုံတွေ့ခဲ့ကြောင်းသတင်းရရှိပါသည်။
၂။ အလားတူ မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ရေပေါ်ကျေးရွာ၌ (၇-၄-၂၀၁၆)ရက်နေ့၊ (၁၅:၀၀) အချိန်တွင် လေပြင်းတိုက်ခတ်ခဲ့ရာ နေအိမ် (၁) လုံး အမိုးလန်ပျက်စီးခဲ့ပါသည်။ အဆိုပါဘေးကြောင့် အိမ်ထောင်စု (၁) စုမှ စုစုပေါင်းလူဦးရေ (၃) ဦး၊ ဘေးဒုက္ခကြုံတွေ့ခဲ့ကြောင်း သတင်းရရှိပါသည်။
၃။ အဆိုပါဘေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ ဆန်ရိက္ခာဖိုးငွေကျပ် (၄၇၇၀၀/-) နှင့် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးတို့ကို (၁၀) အိမ်ထောင်စာအတွက် (၁၀-၄-၂၀၁၆) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရ ပါသည်။