(၁၀-၄-၂၁၀၆) ရက်နေ့တွင် ထပ်မံရရှိသော သတင်းအချက်အလက်များ အရ-
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ခေါင်းကွဲလေးကျေးရွာ၌ (၅-၄-၂၀၁၆) ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် လေဘေးကြောင့် ထပ်တိုးအမိုးလန်ပြိုလဲအိမ်များမှ ဘေးဒုက္ခခံစားခဲ့ရသည့် ဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တိုင်းဒေသကြီးဦးစီးမှူးက ကယ်ဆယ်ရေးပစ္စည်း(၄)မျိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅,၁၈၀,၀၀၀) တို့ကို ထပ်မံထောက်ပံ့ပေးအပ်ခဲ့ပြီး အားပေးစကားများပြောကြားခဲ့ကြောင်း သိရှိရပါသည်။