ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ မီးဘေးသင့်ပြည်သူများအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့မှုအခြေအနေသတင်း

၁။      ပြည်ထောင်စုနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ သာစည်အုပ်စု၊ အောင်သာတဲကုန်းကျေးရွာ၌ (၁၀-၄-၂၀၁၆) ရက်နေ့၊ (၁၁:၁၀) အချိန်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အိမ်ခြေ(၁)လုံးပျက်စီးခဲ့ပြီး ဆုံးရှုံးမှု တန်ဖိုးမှာကျပ်(၅၆၀၀၀)ဖြစ်ပါသည်။ အဆိုပါဘေးကြောင့် အိမ်ထောင်စု(၁)စုမှ ကျား(၁)ဦး၊ မ(၁)ဦး၊ စုစုပေါင်းလူဦးရေ(၂)ဦး မီးဘေးဒုက္ခကြုံတွေ့ခဲ့ရပါကြောင်း သတင်းရရှိပါသည်။

၂။        အဆိုပါဘေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီး မှူးရုံးမှ ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးကို အိမ်ထောင်စု(၁)စုစာအတွက် (၁၀-၄-၂၀၁၆)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events