စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ လေဘေးသင့်ပြည်သူများအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနမှ ထောက်ပံ့မှုအခြေအနေသတင်း

၁။     စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်၊ ငါးလုံးတင်ကျေးရွာအုပ်စု၊ တောင်ဖီလာကွင်း၌ (၆-၄-၂၀၁၆) နေ့၊ (၂၀:၃၀) အချိန်တွင် လေပြင်း တိုက်ခတ်ခဲ့ရာ နေအိမ် (၁၉) လုံးအမိုးလန်ခဲ့ပြီး နေအိမ် (၅) လုံး ပြိုကျပျက်စီး ခဲ့ပါသည်။ အဆိုပါဘေးကြောင့် အိမ်ထောင်စု(၂၂) စုမှ လူဦးရေ စုစုပေါင်း (၉၄) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ကြောင်း သတင်းရရှိပါသည်။

၂။     အဆိုပါဘေးအတွက် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး၀န်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဆန်ရိက္ခာဖိုးငွေ (၈၄,၆၀၀/-)၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၅၀,၀၀၀/-)၊ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး (၅) အိမ်ထောင်စာနှင့် ကယ်ဆယ်ရေးပစ္စည်း (၅) မျိုး (၁၇) အိမ်ထောင်စာကို (၉-၄-၂၀၁၆) ရက်နေ့၌ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိ ရပါသည်။

 

 

Sign Up

Upcoming Events