၁။ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ မကာဟိုခမ်းရပ်ကွက်၊ နယ်မြေ(၇)၊ အိမ်အမှတ်(၇/၆၂)နေ ဒေါ်တင်လတ်၏ နေအိမ်၌(၉-၄-၂၀၁၆)နေ့၊ (၁၉:၂၀)အချိန်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၂၉)လုံး ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုးမှာ(၅၆၂၅၀၀၀)ဖြစ်ပါသည်။ အဆိုပါဘေးကြောင့် အိမ်ထောင်စု (၂၉)စုမှ ကျား(၇၆)ဦး၊ မ(၈၉)ဦး၊ စုစုပေါင်းလူဦးရေ(၁၆၅)ဦး မီးဘေးဒုက္ခကြုံတွေ့ခဲ့ရကြောင်း သတင်း ရရှိပါသည်။
၂။ အဆိုပါဘေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ အိမ်ဆောက်ပစ္စည်း တန်ဖိုးငွေ(၂၉၅၀၀၀၀)၊ ဆန်ရိက္ခာဖိုးငွေကျပ်(၁၄၈၅၀၀)နှင့် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုးတို့ကို (၂၉)အိမ်ထောင်စာအတွက် (၁၀-၄-၂၀၁၆)ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခဲ့ ပါသည်။