Author Archives: admin
-
၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ (၁၇)၊ (၁၈)၊ (၁၉) ရက်နေ့များတွင် အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေသော မြန်မာရေလုပ်သား (၄၁၁) ဦးအား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဦးအောင်ခိုင် ဦးစီးပြီး အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယားမြို့သို့ အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်းလိုင်း (MAI) မှ စင်းလုံးငှားလေယာဉ်ဖြင့် (၃) ခေါက် သွားရောက်ခေါ်ယူခြင်း
အိန္ဒိယနိုင်ငံ၊ ပို့ဘလဲယားမြို့ရှိ အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံပြီး မြန်မာနိုင်ငံသား မှန်ကန်ကြောင်း အတည်ပြုပြီးသူ မြန်မာရေလုပ်သား (၄၁၁) ဦးကို ပြန်လည်ခေါ်ယူရေးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် ကောင်စစ်ဝန်ရုံး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ အဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပါသည်။ ရေလုပ်သားများအား ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ခိုင်ဦးစီးပြီး လူမှုဝန်ထမ်းဦးစီးဌာနမှ (၁) ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့် … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် ဇန်နဝါရီလ (၉) ရက်နေ့တွင် ချင်းပြည်နယ်အတွင်းရှိ အသက်(၁၀၀) နှစ်နှင့် အထက် သက်ကြီးဝါကြီးများကို ဂုဏ်ပြုလွှာနှင့် ထောက်ပံ့ငွေချီးမြှင့်ပွဲ၊ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား (၂၀၁၄-၂၀၁၅) ဘဏ္ဍာရေးနှစ်၊ ထောက်ပံ့ငွေပေးအပ်ပွဲနှင့် လူမှုစောင့်ရှောက်ရေးနှင့် သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်းလူငယ်များနည်းပြသင်တန်း (၂/၂၀၁၅) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြား၍ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ဇန်နဝါရီလ (၁၀) ရက်နေ့တွင် ညောင်ဦးမြို့နယ်အတွင်း အသက်(၁၀၀) နှစ်နှင့် အထက် သက်ကြီးဝါကြီးများကို ဂုဏ်ပြုလွှာနှင့် ထောက်ပံ့ငွေချီးမြှင့်ပေးအပ်ကာ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအား ဆောင်ရွက်ခြင်း
လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်ရန် ချင်းပြည်နယ်၊ မင်းတပ်မြို့သို့ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဌာန၊ လူမှုကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ လုပ်ငန်းကော်မတီ ဥက္ကဌ၊ ပြည်ထောင်စု ဝန်ကြီးဒေါက်တာမြတ်မြတ်အုန်းခင်သည် တာဝန်ရှိသူများလိုက်ပါလျှက် ဇန်နဝါရီလ (၉) ရက်နေ့တွင် ချင်းပြည်နယ် မင်းတပ်မြို့၊ ကွက်စိပ် (၅) ရပ်ကွက်တွင် နေထိုင်သော အသက် (၁၀၄) နှစ်ရှိ အဘိုးဦးမိန်ထုံထံသို့ သွားရောက်ကာ နိုင်ငံတော် သမ္မတကြီး ကိုယ်တိုင် လက်မှတ်ရေးထိုးထားသော ဂုဏ်ပြုလွှာနှင့် နိုင်ငံတော်သမ္မတ၊ ဒုတိယ သမ္မတများ၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယ ဝန်ကြီးများ၏ ချီးမြှင့်ငွေ (၂၅) … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် ဇန်နဝါရီလ (၈) ရက်နေ့တွင် မကွေးတိုင်းဒေသကြီးအတွင်း လူမှုစီးပွားဘဝမြင့်မားရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်နှင့်အတူ ဇန်နဝါရီလ (၈) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဆင်ချောင်းစံပြကျေးရွာသို့ ရောက်ရှိပြီး ဝန်ကြီးဌာနအသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းအားကြည့်ရှု၍ တာဝန်ရှိသူများ၊ ကျောင်းသား မိဘများနှင့်တွေ့ဆုံပြီး သင်ထောက်ကူပစ္စည်းများပေးအပ်ကာ လိုအပ်သည်များကို မှာ ကြားခဲ့ပါသည်။ ဆက်လက်၍ ရွှေကျောင်းဓမ္မာရုံတွင် ကျေးရွာသူ/ကျေးရွာသားများနှင့် တွေ့ဆုံပြီး လူမှုစီးပွားဘဝမြင့်မားရေးလုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားပါ သည်။ ဆက်လက်ပြီး ရေစကြိုမြို့ဝန်ကြီးဌာန အသိအမှတ်ပြု မြို့မကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းသို့ရောက်ရှိရာ တာဝန်ရှိသူများ၊ ကျောင်းသားမိဘများနှင့် တွေ့ဆုံ ပြီး … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဘုန်းဆွေသည် ဇန်နဝါရီလ (၆) ရက်နေ့၊ နံနက်(၀၉:၀၀) နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်အတွင်း သဘာ၀ဘေးလျော့ပါးရေးစေတနာ့၀န်ထမ်းလူငယ် (နည်းပြ) သင်တန်းအမှတ်စဉ် (၁/၂၀၁၅) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်အတွက် သဘာ၀ဘေးလျော့ပါးရေး စေတနာ့၀န်ထမ်းလူငယ်(နည်းပြ)သင်တန်းအမှတ်စဉ် (၁/၂၀၁၅)ကို (၆-၁-၂၀၁၅)နေ့မှ (၁၂-၁-၂၀၁၅) နေ့အထိ ရန်ကုန်မြို့၊ လူမှုအတတ်သင်သိပ္ပံကျောင်း၌ ဖွင့်လှစ်လျှက်ရှိပါသည်။ အဆိုပါသင်တန်း၏ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့၊ လူမှုအတတ်သင်သိပ္ပံ ကျောင်း၌ (၆-၁-၂၀၁၅)နေ့(၀၉:၀၀) နာရီတွင် ကျင်းပခဲ့ရာ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဘုန်းဆွေမှ အဖွင့် မိန့်ခွန်းအားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လူမှုရေး၀န်ကြီး ဒေါက်တာမြင့်သိန်းမှ အဖွင့်အမှာစကားအားလည်းကောင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီး ဌာနညွှန်ကြားရေးမှူး ဦးချွမ်ဟရဲမှ သင်တန်းဖွင့်လှစ်ရခြင်း ရှင်းလင်းချက်အား လည်းကောင်းပြောကြားခဲ့ပြီး၊ အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် ဇန်နဝါရီလ (၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အဆိုပါဝန်ကြီးရုံး စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်သော ဝန်ထမ်းများအင်္ဂလိပ်စာအရည်အသွေးမြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၁၅) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် ဇန်နဝါရီလ (၅) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အဆိုပါဝန်ကြီးရုံး စုပေါင်းခန်းမ၌ ကျင်းပပြုလုပ်သော အရာထမ်း၊ အမှုထမ်းများအတွက် အင်္ဂလိပ်စာအရည်အသွေးမြှင့်တင်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၁၅) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားရာတွင် ဝန်ထမ်းများအနေနဲ့ ပြောင်းလဲလာတဲ့ ခေတ်စနစ်နှင့်အညီ လိုက်ပါဆောင်ရွက်နိုင်စေရန် အင်္ဂလိပ်စာအရည်အသွေးတိုးတက်မြင့်မားလာစေဖို့ လိုအပ်ပါကြောင်း၊ ဝန်ထမ်းများ အရည်အသွေးပြည့်ဝနေမယ်ဆိုရင် ဘယ်ခေတ်၊ ဘယ်စနစ်ပဲပြောင်းပြောင်း ခေတ်နဲ့အညီလိုက်ပြီး ပြည်သူများရဲ့ တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်မှာဖြစ်ပါကြောင်း၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေနဲ့ သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ အကောင်အထည်ဖော်ရာတွင် … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် ဒီဇင်ဘာလ (၂၀) ရက်နေ့တွင်အောက်ခြေကျေးရွာများအထိ လူမှုစီးပွားမြှင့်တင်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း
လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများဆောင်ရွက်ရန် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၌ ရောက်ရှိနေသော လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် ခန္တီးမြို့နယ်၊ ပဒူးမုန်းကျေးရွာသို့ ရောက်ရှိပြီး တောင်တန်းသာသနာပြုဘုန်းတော်ကြီးကျောင်း၌ ကျောင်းပြုပြင်ရန် (၃) သိန်း၊ ဆင်းရဲနွမ်းပါးသော သက်ကြီးရွယ်အိုများ၏ နေအိမ်များပြုပြင်ရန် ပဒူးမုန်းရွာမကျေးရွာအတွက် (၁၅) သိန်းနှင့် ပဒူးမုန်းရွာသစ်ကျေးရွာအတွက် (၂၁) သိန်းနှင့် အဝတ်အထည်များအား ထောက်ပံ့ပေးပါသည်။ ဆက်လက်၍ လက်ပံသာကျေးရွာသို့ ရောက်ရှိပြီး မူကြိုကျောင်းပြုပြင်ရန် (၅) သိန်း၊ လူမှုစီးပွားဘဝများမြှင့်တင်ရေးအတွက် (၂) သိန်းနှင့် အဝတ်အထည်များအား … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကသာခရိုင်၊ ခန္တီးခရိုင်၊ မော်လိုက်ခရိုင်နှင့် တမူးခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများအား (၂၀၁၄-၂၀၁၅) ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေပေးအပ်ပွဲနှင့် လူမှုစောင့်ရှောက်ရေးနှင့် သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်များနည်းပြသင်တန်း (၂၃/၂၀၁၄) ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့သို့ ရောက်ရှိပြီး စစ်ဗျူဟာ (အခြေချ) ကိုယ့်အားကိုယ်ကိုးမူကြိုကျောင်းသို့ ရောက်ရှိပြီး အပြင်အားစကားကွင်းတည်ဆောက်ရန် (၁) သိန်းကျပ် ထောက်ပံ့ပေးပါသည်။ ၎င်းနောက် ဗုဒ္ဓသာသနာပြုသီလရှင်ကျောင်းသို့ သွားရောက်၍ အလှူငွေ (၁) သိန်းကျပ် လှူဒါန်းပါသည်။ ဒီဇင်ဘာလ (၂၀) ရက်နေ့တွင် ခန္တီးမြို့၌ ဝန်ကြီးဌာနမှ လှူဒါန်းထားသော ဘိုးဘွားရိပ်သာ တည်ဆောက်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားသို့ တက်ရောက်ပြီး မင်္ဂလာအချိန်၌ တိုင်းဒေသကြီး လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး … Read more
-
ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ မြို့တော်ခန်းမ၌ သဘာဝဘေးအန္တရာယ်အများဆုံးဖြစ်ပွားနိုင်ခြေရှိသော ကမ်းရိုးတန်းဒေသများတွင် ရာသီဥတုပြောင်းလဲမှုနှင့်အညီ လိုက်လျောညီထွေနေထိုင်ရေးအတွက် ဘေးအန္တရာယ်လျှော့ချရန် စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ မြို့တော်ခန်းမ၌ ဒီဇင်ဘာလ (၁၉) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးမှူးရုံးတို့ ဦးဆောင်၍ သဘာဝဘေးအန္တရာယ်အများဆုံးဖြစ်ပွားနိုင်ခြေရှိသော ကမ်းရိုးတန်းဒေသများတွင် ရာသီဥတုပြောင်းလဲ မှုနှင့်အညီ လိုက်လျောညီထွေနေထိုင်ရေးအတွက် ဘေးအန္တရာယ်လျှော့ချရန် စွမ်းဆောင်ရည်မြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခဲ့ပါသည်။ အလုပ်ရုံဆွေးနွေးပွဲတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်က အမှာစကားပြောကြားပြီး ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးမြင့်စိုးက ဘေးအန္တရာယ်လျော့နည်းရေးအတွက် စွမ်းဆောင်ရည်မြှင့်တင်ပေးရေး၊ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားလေ့ရှိသော မုန်တိုင်းဘေး၊ မီးဘေး၊ ရေဘေး၊ လေဘေး၊ ဆူနာမီဘေးနှင့် မိုးကြိုးဘေးစသည့် … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်သည် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်အတွင်း သဘာ၀ဘေးလျော့ပါးရေးစေတနာ့၀န်ထမ်းလူငယ် (နည်းပြ) သင်တန်းအမှတ်စဉ် (၂၂/၂၀၁၄) ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အမှာစကားပြောကြားခြင်း
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်အတွက် သဘာ၀ဘေးလျော့ပါးရေးစေတနာ့၀န်ထမ်းလူငယ် (နည်းပြ) သင်တန်းအမှတ်စဉ် (၂၂/၂၀၁၄) ကို (၁၇-၁၂-၂၀၁၄) နေ့မှ (၂၃-၁၂-၂၀၁၄) နေ့အထိ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့၊ လူမှုအတတ်သင်သိပ္ပံကျောင်း၌ (၁၇-၁၂-၂၀၁၄) နေ့ (၀၉း၀၀)နာရီတွင် ကျင်းပခဲ့ရာ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး၊ ဒေါ်စုစုလှိုင်မှ အဖွင့်မိန့်ခွန်းအားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေး၀န်ကြီး ဒေါက်တာမြင့်သိန်းမှ အဖွင့်အမှာစကားအားလည်းကောင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကြည်သာ (ညွှန်ကြားရေးမှူး) မှ သင်တန်းဖွင့်လှစ်ရခြင်း ရှင်းလင်းချက်အားလည်းကောင်း ပြောကြားခဲ့ပြီး၊ အခမ်းအနားသို့ … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် ဒီဇင်ဘာလ (၁၄) ရက်နေ့၌ ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့ရှိ ကျေးရွာများသို့ ကွင်းဆင်းကာ သက်ကြီးဝါကြီးများနှင့် တွေ့ဆုံ၍ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် သဘာဝဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ရှင်းလင်းပြောကြားခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် ဒီဇင်ဘာလ (၁၄) ရက်နေ့၊ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဒေးဒရဲမြို့သို့ ရောက်ရှိပြီး တော်ကြပ်ကျေးရွာ၊ ညောင်တပင်ကျေးရွာ၊ ကုန်တန်းကလေးကျေးရွာနှင့် ကျုံသင်ကျေးရွာများသို့ ကွင်းဆင်း၍ မြန်မာနိုင်ငံ လူမှုကာကွယ်စောင့်ရှောက်ရေးအမျိုးသားအဆင့် မဟာဗျူဟာလုပ်ငန်းစီမံချက်အတိုင်း သက်ကြီးဝါကြီးများနှင့် တွေ့ဆုံ၍ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် သဘာဝဘေးပြန်လည်ထူထောင်ရေးလုပ်ငန်းများအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ၎င်းနောက် ဖျာပုံမြို့တောင်ပိုင်းရပ်ကွက်၊ အမက (၇) စာသင်ကျောင်းသို့ ရောက်ရှိပြီး မိဘများလှူဒါန်းခဲ့သည့် နာဂစ်မုန်တိုင်းကြောင့် ပျက်စီးခဲ့သော စာသင်ဆောင်ပြုပြင်မွမ်းမံရန်အတွက် လိုအပ်သည်များ ဖြည့်ဆည်းပေးခဲ့ပါသည်။ ထို့နောက် ရွှေရတုခန်းမ၌ ဖျာပုံမြို့နယ်၊ … Read more
