ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်အတွက် သဘာ၀ဘေးလျော့ပါးရေး စေတနာ့၀န်ထမ်းလူငယ်(နည်းပြ)သင်တန်းအမှတ်စဉ် (၁/၂၀၁၅)ကို (၆-၁-၂၀၁၅)နေ့မှ (၁၂-၁-၂၀၁၅) နေ့အထိ ရန်ကုန်မြို့၊ လူမှုအတတ်သင်သိပ္ပံကျောင်း၌ ဖွင့်လှစ်လျှက်ရှိပါသည်။ အဆိုပါသင်တန်း၏ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့၊ လူမှုအတတ်သင်သိပ္ပံ ကျောင်း၌ (၆-၁-၂၀၁၅)နေ့(၀၉:၀၀) နာရီတွင် ကျင်းပခဲ့ရာ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဘုန်းဆွေမှ အဖွင့် မိန့်ခွန်းအားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လူမှုရေး၀န်ကြီး ဒေါက်တာမြင့်သိန်းမှ အဖွင့်အမှာစကားအားလည်းကောင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီး ဌာနညွှန်ကြားရေးမှူး ဦးချွမ်ဟရဲမှ သင်တန်းဖွင့်လှစ်ရခြင်း ရှင်းလင်းချက်အား လည်းကောင်းပြောကြားခဲ့ပြီး၊ အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ၊ UN, INGOs, NGOsများ၊ မီဒီယာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/ သူဦးရေ(၆၃) ဦးအပါအ၀င် စုစုပေါင်း(၁၂၀) ဦးခန့် တက်ရောက်ခဲ့ကြပါသည်။