ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်အတွက် သဘာ၀ဘေးလျော့ပါးရေးစေတနာ့၀န်ထမ်းလူငယ် (နည်းပြ) သင်တန်းအမှတ်စဉ် (၂၂/၂၀၁၄) ကို (၁၇-၁၂-၂၀၁၄) နေ့မှ (၂၃-၁၂-၂၀၁၄) နေ့အထိ ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့၊ လူမှုအတတ်သင်သိပ္ပံကျောင်း၌ (၁၇-၁၂-၂၀၁၄) နေ့ (၀၉း၀၀)နာရီတွင် ကျင်းပခဲ့ရာ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး၊ ဒေါ်စုစုလှိုင်မှ အဖွင့်မိန့်ခွန်းအားလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေး၀န်ကြီး ဒေါက်တာမြင့်သိန်းမှ အဖွင့်အမှာစကားအားလည်းကောင်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး ဦးကြည်သာ (ညွှန်ကြားရေးမှူး) မှ သင်တန်းဖွင့်လှစ်ရခြင်း ရှင်းလင်းချက်အားလည်းကောင်း ပြောကြားခဲ့ပြီး၊ အခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များမှ ပုဂ္ဂိုလ်များ၊ UN၊ INGos၊ NGOsများ၊ မီဒီယာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သူဦးရေ (၅၇) ဦး အပါအ၀င် စုစုပေါင်း (၁၈၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။