လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် ဇန်နဝါရီလ (၈) ရက်နေ့တွင် မကွေးတိုင်းဒေသကြီးအတွင်း လူမှုစီးပွားဘဝမြင့်မားရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြတ်မြတ်အုန်းခင်သည် ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်နှင့်အတူ ဇန်နဝါရီလ (၈) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဆင်ချောင်းစံပြကျေးရွာသို့ ရောက်ရှိပြီး ဝန်ကြီးဌာနအသိအမှတ်ပြု ကိုယ့်အားကိုယ်ကိုး မူလတန်းကျောင်းအားကြည့်ရှု၍ တာဝန်ရှိသူများ၊ ကျောင်းသား မိဘများနှင့်တွေ့ဆုံပြီး သင်ထောက်ကူပစ္စည်းများပေးအပ်ကာ လိုအပ်သည်များကို မှာ ကြားခဲ့ပါသည်။ ဆက်လက်၍ ရွှေကျောင်းဓမ္မာရုံတွင် ကျေးရွာသူ/ကျေးရွာသားများနှင့် တွေ့ဆုံပြီး လူမှုစီးပွားဘဝမြင့်မားရေးလုပ်ငန်းများအကြောင်း ရှင်းလင်းပြောကြားပါ သည်။ ဆက်လက်ပြီး ရေစကြိုမြို့ဝန်ကြီးဌာန အသိအမှတ်ပြု မြို့မကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်းသို့ရောက်ရှိရာ တာဝန်ရှိသူများ၊ ကျောင်းသားမိဘများနှင့် တွေ့ဆုံ ပြီး သင်ထောက်ကူပစ္စည်းများပေးအပ်ကာ လိုအပ်သည်များကို မှာကြားခဲ့ပါသည်။ ထို့နောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပသော ဆိုလာ မီးအိမ်များပေးအပ်ထောက်ပံ့ပွဲသို့ တက်ရောက်ပြီး လူမှုကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများအကြောင်း အမှာစကား ပြောကြားပြီး ရေစကြိုမြို့နယ် ကိုင်းကျေးရွာအတွက် ဆိုလာမီးအိမ် (၅၅) လုံး၊ မြေစွန်းကျေးရွာအတွက် ဆိုလာမီးအိမ် (၅၅) လုံး၊ ဟသာကျွန်းကျေးရွာအတွက် ဆိုလာမီးအိမ် (၅၃) လုံး၊ သပြေပင်ကျေးရွာအတွက် ဆိုလာမီးအိမ် (၂၅) လုံး၊ သောကဲဘကျေးရွာအတွက် ဆိုလာမီးအိမ် (၄၇) လုံး၊ ကျောက်ခတ်ကျွန်းကျေးရွာအတွက် ဆိုလာမီးအိမ် (၆၅)လုံး၊ ကျောက်လှည်းဘီးကျေးရွာအတွက် ဆိုလာမီးအိမ် (၄၆) လုံး၊ ယာကြီးကုန်းကျေးရွာအတွက် ဆိုလာမီးအိမ် (၇၀) လုံး စုစုပေါင်း (၄၁၆) လုံးကို ကျေးရွာများ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုရှိရေးအတွက် သက်ဆိုင်သူများထံ ထောက်ပံ့ ပေး အပ်ပါသည်။ ၎င်းနောက် ကျေးရွာအုပ်စု ကိုယ်စားလှယ်တစ်ဦးမှ ကျေးဇူးတင် စကားပြန်လည်ပြောကြားပါသည်။ ထို့နောက် ရေစကြိုမြို့ ဒေါ်ဦးဘိုးဘွားရိပ်သာသို့ ရောက်ရှိကာ အဘိုး/အဘွားများအား နှစ်သစ်ကူးလှူဒါန်းမှုများဖြင့် ကန်တော့ခဲ့ပြီး ပခုက္ကူမြို့မူလတန်းကျောင်းသို့ ရောက်ရှိ၍ သင်ထောက်ကူပစ္စည်းများ ပေးအပ်ကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပါသည်။ ထိုမှတဆင့် ပြည်ထောင်စုဝန်ကြီးသည် ချင်းပြည်နယ်မင်းတပ်မြို့သို့ ရောက်ရှိကာ တောင်ပုလုဘုန်းတော်ကြီးကျောင်းနှင့် မြို့ဦး ဘုန်းတော်ကြီးကျောင်းများရှိ တောင်တန်းသာသနာပြု ဆရာတော်များအား လှူဖွယ်ပစ္စည်းများဖြင့် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events