ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကမ်းပြိုဘေးထောက်ပံ့မှုသတင်း - အိမ်မဲမြို့နယ်ရှိ ချောင်းဝရပ်ကွက်၊ အိမ်မဲကြီးရပ်ကွက်နှင့် အထက်ပိုင်းရပ်ကွက်တို့၌ စူပါအယ်နီညို ဖြစ်စဉ်နှင့် ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း - ဝါးခယ်မမြို့နယ်ရှိ ရေကျော်ရပ်ကွက်၊ စျေးရပ်ကွက်နှင့် ဆေးရုံရပ်ကွက်တို့၌ စူပါအယ်နီညိုဖြစ်စဉ် နှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များကို ဟောပြောဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်ရှိ အမှတ်(၆) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အယ်လ်နီညိုရာသီဥတုဖြစ်စဉ်နှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ရပ်ကွက်(သို့)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားရေးသင်တန်း (၃/၂၀၂၆)တွင် သင်ခန်းစာ ပို့ချမှုသတင်း - မြောင်းမြမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ အမှတ်(၆)ရပ်ကွက်နှင့် အမှတ်(၇)ရပ်ကွက်တို့တွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ Talk Show ပြုလုပ်မှုသတင်း - ကျိုက်ထိုမြို့၊ ကံ့ကော်ရပ်ကွက်၊ ဆေးရုံလမ်းဆုံနှင့် ကျိုက်ထီးရိုးဘုရားလမ်းခွဲ (Denko ဆီဆိုင်လမ်းဆုံ)၊ ဇေယျာမွန်ရပ်ကွက်၊ တောင်သူစုရပ်ကွက်၊မြောက်ပိုင်းရပ်ကွက်၊ ကော့စံနိုင်ရပ်ကွက်တို့၌ လတ်တလောဖြစ် ပေါ်နေသည့်အားကောင်းသော မုန်တိုင်းငယ်သတိပေးချက်များနှင့်စပ်လျဉ်၍ ဆောင်ရန်/ ရှောင်ရန်များအား လှည့်လည်အသိပေးနှိုးဆော်မှုသတင်း - ဘားအံမြို့နယ်၊ အထက(ခွဲ)၊ ကော့လှိုက်ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ နဝဒေးရပ်ကွက်၊‌ ရွှေအင်ကြင်း(၂)လမ်းတွင် မီးဘေးထောက်ပံ့မှုသတင်း

၂၀၂၆ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့အထိမ်းအမှတ် သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်ဒီဇိုင်းနှင့် Animation ဗီဒီယိုပြိုင်ပွဲ ဖိတ်ခေါ်ခြင်း

Latest News

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၇-၂၀၂၀)ရက်နေ့တွင် ဇလွန်မြိုနယ်၊ ဒေါင့်ကြီးအုပ်စု၊ ​ဒေါင့်ကြီး၊ အိုးဘိုမြောက်၊ လက်ခုပ်တန်း၊ တာကလေးကျေးရွာတို့၌ (၀၈:၀၀)နာရီအချိန်မှ (၁၁:၀၀)နာရီအချိန် အထိလည်းကောင်း၊ ဟင်္သာတမြို့နယ်၊ ကင်းရပ်ကွက်၊ ဘုရားကြီးရပ်ကွက်တို့၌ (၁၈:၀၀) နာရီအချိန်မှ(၂၀:၀၀)နာရီအချိန်အထိလည်းကောင်း COVID-19 ရောဂါ ဒုတိယလှိုင်းကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေးခြင်း၊ ဧရာဝတီတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ (၁၄-၇-၂၀၂၀)ရက်နေ့အထိ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွန်ကြားချက်များ၊ ရာသီအလိုက်ဖြစ်ပွားလေ့ရှိ သည့် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေး အသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၇-၂၀၂၀) ရက်နေ့တွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၇)ရပ်ကွက်၊ အမှတ်(၁၈) ရပ်ကွက်၊ အမှတ်(၁၉)ရပ်ကွက်၊အမှတ်(၂၀)ရပ်ကွက်၊ အတွင်းပဒံကျေးရွာ၊ အပြင်ပဒံကျေးရွာများတွင် Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေညာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေးနှင့်စပ်လျဉ်း၍ ဌာနမှ ထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်များပါ အချက် အလက်များ၊ ရပ်ကွက်များအတွင်း အသိပညာပေးခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #ygn_Jul2020 Source: … Read more

  • မီးဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုး ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည (၂၅.၇.၂၀၂၀)ရက်နေ့ (၀၂:၀၅)ချိန်တွင် လားရှိုးမြို့နယ်၊ မန်ဆန်ရေကျကျေးရွာအုပ်စု၊ မန်ဆန်ရေကျကျေးရွာ၌ မီးဖိုမီး​ကြွင်းမီးကျန်မှတဆင့် မီးကူးဆက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ​နေအိမ်(၁)လုံးနှင့် အိမ်ရှင်မှာ မီးလောင်သေဆုံးခဲ့ရာ အဆိုပါ မီးဘေးသင့် အိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)ကျပ်နှင့် သေဆုံးသူ(၁)ဦး အတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၀၀၀၀၀/-)ကျပ်တို့အား (၂၇.၇.၂၀၂၀)ရက်နေ့တွင် ထောက်ပံ့ ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။   #ha_fir #shn_jul2020 Source:   လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ယာယီပြောင်းရွှေ့အိမ်ထောင်စုများအား ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ‌ရွှေကူမြို့နယ်၊ ဆင်တပ် ကျေးရွာ၌ (၂၄-၇-၂၀၂၀) ရက်နေ့တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ဆင်တပ်ဘုန်း တော်ကြီးကျောင်းရှိ ယာယီပြောင်းရွှေ့အိမ်ထောင်စု (၂) စု၊လူဦးရေ (၁၀) ဦးတို့အား အိမ်ထောင်စု (၁) စုလျှင်ဆပ်ပြာ (၁) တောင့်နှုန်းဖြင့် စုစုပေါင်းအိမ်ထောင်စု (၂) စုအတွက် ‌ဆပ်ပြာ(၂)တောင့်၊ လူ(၁)ဦးလျှင် အဝတ်Mask(၁)ခုနှုန်းဖြင့် လူဦးရေစုစုပေါင်း (၁၀)ဦးအတွက် အဝတ် Masks (၁၀)ခုနှင့် (၁)ဦးလျင် (၇)ရက်စာဆန်ဖိုးငွေ (၂၁၀၀/-) … Read more

  • Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းများဆောင်ရွက်မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်​​ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၇-၂၀၂၀)ရက်နေ့တွင် ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ပီတိကုသိုလ်အရေးပေါ်လူနာတင်အသင်း၊ ပရဟိတ အဖွဲ့တို့ပူးပေါင်းပြီး ပလောက်မြို့အတွင်းရှိ အုန်းတောကျေးရွာ၊ စပူပြင်ကျေးရွာ၊ တောင်ယာ ကမ်းကျေးရွာ၊ သစ်လှတောကျေးရွာတို့တွင် Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့် ပတ်သက်၍ အများပြည်သူ သိရှိလိုက်နာဆောင်ရွက်ကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော အသိပညာပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေး၊ မြေပြိုဘေးနှင်စပ်လျဉ်း၍ ဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်ပါ အချက်လက်များ၊ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေးလက်ကမ်းစာစောင်များ … Read more

  • ချင်းတွင်းမြစ်ရေတိုးလာမှုကြောင့် ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းကင်းမြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့နှင့်အတူ ချင်းတွင်းမြစ်ရေတိုး၍ နေအိမ် များအတွင်း ရေဝင်ရောက်မှုကြောင့် (၂၇-၇-၂၀၂၀) နေ့တွင် ပြောင်းရွှေ့ကြရသော မင်းကင်းမြို့၊ အမှတ်(၃) ရပ်ကွက်ရှိ အိမ်ထောင်စု (၂၄) စု၊ လူဦးရေ (၉၁) ဦးအတွက် ဆပ်ပြာ (၂၄) တောင့်နှင့် ဆန်ရိက္ခာဖိုး (၁၉၁၁၀၀) ကျပ်တို့ကို (၂၈-၇-၂၀၂၀) နေ့ တွင် မဟာမင်းကျောင်းတိုက်နှင့် ယွန်းကျောင်းတိုက် ကယ်ဆယ်ရေး စခန်းများသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း … Read more