လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရွှေကူမြို့နယ်၊ ဆင်တပ် ကျေးရွာ၌ (၂၄-၇-၂၀၂၀) ရက်နေ့တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ဆင်တပ်ဘုန်း တော်ကြီးကျောင်းရှိ ယာယီပြောင်းရွှေ့အိမ်ထောင်စု (၂) စု၊လူဦးရေ (၁၀) ဦးတို့အား အိမ်ထောင်စု (၁) စုလျှင်ဆပ်ပြာ (၁) တောင့်နှုန်းဖြင့် စုစုပေါင်းအိမ်ထောင်စု (၂) စုအတွက် ဆပ်ပြာ(၂)တောင့်၊ လူ(၁)ဦးလျှင် အဝတ်Mask(၁)ခုနှုန်းဖြင့် လူဦးရေစုစုပေါင်း (၁၀)ဦးအတွက် အဝတ် Masks (၁၀)ခုနှင့် (၁)ဦးလျင် (၇)ရက်စာဆန်ဖိုးငွေ (၂၁၀၀/-) ကျပ်နှုန်းဖြင့် စုစုပေါင်းလူဦးရေ (၁၀)ဦးတို့အတွက် (၂၁၀၀ဝ/-)ကျပ်အား (၂၈-၇-၂၀၂၀)ရက်နေ့၊ နံနက် (၁၀:၃ဝ) နာရီအချိန်တွင် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
#ha_fld
#kcn_jul2020
Source: ရွှေကူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)