လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းကင်းမြို့နယ် စီမံခန့်ခွဲမှုကော်မတီတို့နှင့်အတူ ချင်းတွင်းမြစ်ရေတိုး၍ နေအိမ် များအတွင်း ရေဝင်ရောက်မှုကြောင့် (၂၇-၇-၂၀၂၀) နေ့တွင် ပြောင်းရွှေ့ကြရသော မင်းကင်းမြို့၊ အမှတ်(၃) ရပ်ကွက်ရှိ အိမ်ထောင်စု (၂၄) စု၊ လူဦးရေ (၉၁) ဦးအတွက် ဆပ်ပြာ (၂၄) တောင့်နှင့် ဆန်ရိက္ခာဖိုး (၁၉၁၁၀၀) ကျပ်တို့ကို (၂၈-၇-၂၀၂၀) နေ့ တွင် မဟာမင်းကျောင်းတိုက်နှင့် ယွန်းကျောင်းတိုက် ကယ်ဆယ်ရေး စခန်းများသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။
#ha_fld
#sgg_jul2020
Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)