Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းများဆောင်ရွက်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်​​ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၇-၂၀၂၀)ရက်နေ့တွင် ပုလောမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ ပီတိကုသိုလ်အရေးပေါ်လူနာတင်အသင်း၊ ပရဟိတ အဖွဲ့တို့ပူးပေါင်းပြီး ပလောက်မြို့အတွင်းရှိ အုန်းတောကျေးရွာ၊ စပူပြင်ကျေးရွာ၊ တောင်ယာ ကမ်းကျေးရွာ၊ သစ်လှတောကျေးရွာတို့တွင် Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့် ပတ်သက်၍ အများပြည်သူ သိရှိလိုက်နာဆောင်ရွက်ကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော အသိပညာပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေး၊ မြေပြိုဘေးနှင်စပ်လျဉ်း၍ ဌာနမှထုတ်ပြန်ထားသည့် လက်ကမ်းစာစောင်ပါ အချက်လက်များ၊ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး သဘာဝဘေးလက်ကမ်းစာစောင်များ ဝေငှခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

#ar

#tny_jul2020

Source: မြိတ်ခရိုင်​​ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events