မီးဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုး ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည (၂၅.၇.၂၀၂၀)ရက်နေ့ (၀၂:၀၅)ချိန်တွင် လားရှိုးမြို့နယ်၊ မန်ဆန်ရေကျကျေးရွာအုပ်စု၊ မန်ဆန်ရေကျကျေးရွာ၌ မီးဖိုမီး​ကြွင်းမီးကျန်မှတဆင့် မီးကူးဆက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ​နေအိမ်(၁)လုံးနှင့် အိမ်ရှင်မှာ မီးလောင်သေဆုံးခဲ့ရာ အဆိုပါ မီးဘေးသင့် အိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)ကျပ်နှင့် သေဆုံးသူ(၁)ဦး အတွက် ထောက်ပံ့ငွေ (၃၀၀၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၄၀၀၀၀၀/-)ကျပ်တို့အား (၂၇.၇.၂၀၂၀)ရက်နေ့တွင် ထောက်ပံ့ ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

 

#ha_fir

#shn_jul2020

Source:   လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events