COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈-၇-၂၀၂၀)ရက်နေ့တွင် ဇလွန်မြိုနယ်၊ ဒေါင့်ကြီးအုပ်စု၊ ​ဒေါင့်ကြီး၊ အိုးဘိုမြောက်၊ လက်ခုပ်တန်း၊ တာကလေးကျေးရွာတို့၌ (၀၈:၀၀)နာရီအချိန်မှ (၁၁:၀၀)နာရီအချိန် အထိလည်းကောင်း၊ ဟင်္သာတမြို့နယ်၊ ကင်းရပ်ကွက်၊ ဘုရားကြီးရပ်ကွက်တို့၌ (၁၈:၀၀) နာရီအချိန်မှ(၂၀:၀၀)နာရီအချိန်အထိလည်းကောင်း COVID-19 ရောဂါ ဒုတိယလှိုင်းကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေးခြင်း၊ ဧရာဝတီတိုင်းဒေသကြီး COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ (၁၄-၇-၂၀၂၀)ရက်နေ့အထိ ထုတ်ပြန်ပြီးဖြစ်သည့် တားမြစ်မိန့်နှင့် ညွန်ကြားချက်များ၊ ရာသီအလိုက်ဖြစ်ပွားလေ့ရှိ သည့် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#ayy_jul2020

Source:           ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events