ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၊ အမှတ်(၁)ရပ်ကွက်၊ ဝဏ္ဏလမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာ အုပ်စု၊ ချင်းစုကျေးရွာတွင် လေဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ကံချောင်ကျေးရွာအုပ်စု၊ ကံချောင်းကျေးရွာတွင် လေပြင်းဘေးထောက်ပံ့မှုသတင်း - မြောင်းမြခရိုင်၊ ‌မြောင်းမြမြို့နယ်၊ မြို့မစျေးနှင့် မြသာယာစျေးတို့တွင် အသိပညာပေးလုပ်ငန်း များဆောင်ရွက်မှု သတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ညောင်ပင်လေးစျေးနှင့် ညောင်ပင်ကြီးစျေးတို့တွင် အသိပညာ‌ပေးလုပ်ငန်းများ ဆောင်ရွက်မှုသတင်း - မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၊ ပကိတ်ကျေးရွာအုပ်စု၊ ပကိတ်ကျေးရွာတွင် မီးဘေး ထောက်ပံ့မှုသတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ သပြေတန်း ကျေးရွာအုပ်စု၊ ရန်အောင်ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ အမှတ်(၅) ရပ်ကွက်၌ မီးဘေးထောက်ပံ့မှု သတင်း - ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင်၊ ဥတ္တရသီရိမြို့နယ်၊ မောင်းရမ်းကျေးရွာ အုပ်စု၊ စည်သာအေးကျေးရွာ၌ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ လယ်သာကျေးရွာအုပ်စု၊ (လယ်သာ၊ ဇလုပ်ကြီး) ကျေးရွာ၌ လေဘေးထောက်ပံ့မှုသတင်း - မိုးကြိုကာလအတွင်း ဖြစ်ပေါ်တတ်သည့် မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ ကြိုတင်သတိပေး နှိုးဆော်ချက် အမှတ်စဉ် (၀၄/၂၀၂၆)

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • မြစ်ရေကြီးမှုအခြေအနေသတင်း

    ချင်းတွင်းမြစ် စိုးရိမ်ရေမှတ်၌ တည်ရှိနေမှုအခြေအနေ ယနေ့မြန်မာစံတော်ချိန် (၁၂:၃၀)နာရီအချိန် တိုင်းထွာချက်အရ ချင်းတွင်းမြစ် ရေသည် ဖောင်းပြင်မြို့တွင် (၁)ပေခွဲခန့် ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ ကျော်လွန်ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၂)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ပါသည်။ အကြံပြုချက် သို့ဖြစ်ပါ၍ ဖောင်းပြင်မြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင် သူများအနေဖြင့် အထူးသတိပြုနေထိုင်ကြပါရန် အကြံပြုအပ်ပါသည်။ Source: DMH

  • Covid-19ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ညောင်တုန်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၇.၂၀၂၀) ရက်နေ့တွင် ညောင်တုန်းမြို့နယ်၊ ဆင်ထုံးကျေးရွာအုပ်စုနှင့် စက္ကော့ရေလယ်ကျွန်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၌ covid-19 ကူးစက်ရောဂါ ဒုတိယလှိုင်းမဖြစ်ပွားစေရန်အတွက် ဒုတိယအကြိမ်အသိပညာပေးခြင်းနှင့် သဘာဝဘေး အန္တရာယ်ဆိုင်ရာဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေးခြင်းလုပ်ငန်း များဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_jul2020 Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ချင်းတွင်းမြစ်ရေ ဝင်ရောက်မှုကြောင့် ပြောင်းရွှေ့အိမ်ထောင်စုများအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ မင်းကင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၇-၂၀၂၀) ရက်နေ့တွင် မင်းကင်းမြို့နယ်အတွင်း ချင်းတွင်းမြစ်ရေတိုး၍ ရေဝင်ရောက်မှုကြောင့် ရေလွတ်ရာသို့ ပြောင်းရွှေ့ ကြရသော မင်းကင်းမြို့၊ အမှတ် (၃) အတွင်းရှိ အိမ်ထောင်စု (၂၃) စု၊ လူဦးရေ (၉၄) ဦးတို့အတွက် ဆပ်ပြာ (၂၃) တောင့်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၉၇,၄၀၀/-) ကျပ်တို့အား (၂၇-၇-၂၀၂၀) ရက်နေ့တွင် ယွန်းကျောင်းရေဘေးရှောင်စခန်းတွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fld #sgg_Jul2020 Source: မင်းကင်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် မိုးရာသီကာလတွင်ဖြစ်ပေါ်လေ့ရှိသည့် ရေဘေး၊ မုန်တိုင်းဘေးအန္တရာယ်များနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန် အချက်များအား အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၇-၂၀၂၀) ရက်နေ့ နံနက် (၁၂:၀၀) အချိန်မှနေ့လည် (၁၄:၃၀) အချိန်ထိ လှိုင်းဘွဲမြို့နယ်အတွင်းရှိ ဒိုင်းပြကုန်းကျေးရွာ ဒိုင်းပြကျေးရွာ ချမ်းသာကျေးရွာ ပဒဲကုန်းကျေးရွာနှင့် ကျွန်းကုန်းကျေးရွာများသို့ COVID-19 ရောဂါပျံ့နှံ့မှုများမဖြစ်ပွားစေရန် အတွက် အသံချဲ့စက်များဖြင့် အသိပညာပေးဟောပြောခြင်းများ ရေဘေး၊ မုန်တိုင်းဘေးနှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်အချက်များအား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ) #ar #krn_jul2020

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၇-၇-၂၀၂၀)ရက်နေ့၊ (၀၇:၃၀) နာရီအချိန်တွင် မြင်းခြံမြို့နယ်အတွင်းရှိ ရပ်ကွက်(၄)ရပ်ကွက်နှင့် ကျေးရွာ(၁၀)ရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ ကြိုတင်ပြင်ဆင်နိုင်ရေး ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mdy_jul2020 Source:           မြင်းခြံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဉီးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၇-၂၀၂၀) ရက်နေ့၊ (၁၀:၀၀)နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ ကျုံဟော်ကျေးရွာနှင့် သဲကုန်းကျေးရွာ တို့တွင် Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်းဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာ ပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_Jul2020 Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)