ကရင်ပြည်နယ်၊ အ.ထ.က (၅) ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က(အိန္ဒု)ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ၊ ဘတ်စုံသုံးခန်းမတွင် သဘာဝဘေးလျော့ပါး ရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း - လှိုင်းဘွဲမြို့နယ်၊ (ဃ)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝ​ဘေးအသိပညာ​ပေး​ဟော​ပြောပွဲ​ဆောင်ရွက်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၁)စာသင်ကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အုတ်ဖို(၃)လမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်မှုသတင်း - လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၈-၂၀၂၀) ရက်နေ့၌ မိုးကောင်းမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် နန့်ရင်းရပ်ကွက်နှင့် ကျွန်းပင်သာ ကျေးရွာအုပ်စုတို့တွင် ရေများဝင်ရောက်ခဲ့သောကြောင့် ထပ်မံပြောင်းရွှေ့နေထိုင်ရသော အိမ်ထောင်စု(၁၀)စုမှ လူဦးရေ ကျား(၁၆)ဦး၊ မ(၂၅)ဦး ပေါင်း(၄၁)ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာထောက်ပံ့ငွေ (၈၆,၁၀ဝိ/-) ကျပ်အား (၂၂-၈-၂၀၂၀)ရက်နေ့၊ (၁၆:၀၀) နာရီအချိန်တွင် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fld #kcn_aug2020

  • သဘာဝဘေးအသိပညာပေးလုပ်ငန်းများဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၈-၂၀၂၀) ရက်နေ့၊ (၇:၀၀)အချိန်မှ (၁၅:၃၀)အချိန်ထိ ကနီမြို့နယ် ချင်းတွင်းမြစ်ဘေး (ဝဲ/ယာ )ရှိ ကျေးရွာများ၌ မြစ်ရေကြီးခြင်း သတိပေးချက် နှိုးဆော်ခြင်းလုပ်ငန်းများနှင့် ရေဘေးအသိ ပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်း လုပ်ငန်းများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီအဖွဲ့များနှင့်အတူ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ) #ar #sgg_aug2020

  • ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ပန်းတောင်းမြို့နယ်၊ရေလည်ကျွန်းအုပ်စု၊အောင်မင်္ဂလာကျေးရွာ (၂၁.၈.၂၀၂၀)ရက်နေ့ ဧရာဝတီ မြစ် ကမ်းပါးပြို ကျမှုကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသည့် အိမ်ထောင်စု(၁)စု မှ လူဦးရေ(၂) ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ ထောက်ပံ့ငွေ (၄၂၀ဝ)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀ဝ)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၄၂၀ဝ) ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၀)မျိုးတို့ကို (၂၂.၈.၂၀၂၀)ရက်နေ့ နေ့လည် (၁၂:၃၀)အချိန်တွင် ပြည့်သူလက်ဝယ် အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ #ha_rbe #bgo_aug2020     Source: … Read more

  • ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၈-၂၀၂၀) ရက်နေ့မှ (၂၁-၈-၂၀၂၀)ရက်နေ့အထိ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ခွန်သာ ရပ်ကွက်နှင့် ပေါက်ကုန်းရပ်ကွက်တို့မှ ပြောင်းရွှေ့အိမ်ထောင်စု (၂၁၅)စု၊ လူဦးရေ (၉၇၉) ဦးတို့အတွက် ဆပ်ပြာ(၂၁၅)ခဲ၊ အဝတ်mask(၉၇၉)ခုနှင့် (၇)ရက်စာဆန်ဖိုးထောက်ပံ့ငွေ (၂,၀၅၅,၉၀၀/-) ကျပ်တို့ကို (၂၂-၈-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ) #ha_fld #kcn_aug2020

  • ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၈-၂၀၂၀) ရက်နေ့၊ မိုးကောင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးကောင်းမြို့နယ်၊ နန့်ရင်းရပ်ကွက်၊ ကျွန်းတောရပ်ကွက်၊ မြို့ဦးရပ်ကွက်၊ နတ်ကြီးကုန်းရပ်ကွက်၊ အလယ် ရပ်ကွက်၊ ကျွန်းပင်သာအုပ်စု၊ အရှေ့ရပ်ကွက်၊ ရွာသစ်ရပ်ကွက်နှင့် နောင်ကိုင်တော် ရပ်ကွက် တို့တွင် ရေများဝင်ရောက်ခဲ့သောကြောင့် ယာယီပြောင်းရွှေ့နေထိုင်ရသော အိမ်ထောင်စု (၆၀)စုမှ လူဦးရေ ကျား(၁၄၅)ဦး၊ မ(၁၅၃)ဦး ပေါင်း(၂၉၈)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၇) ရက်စာထောက်ပံ့ငွေ (၆၂၅,၈၀ဝိ/-) ကျပ်အား (၂၂-၈-၂၀၂၀)ရက်နေ့၊ (၁၂:၃၀)အချိန်တွင် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။ … Read more

  • မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

    ဩဂုတ် ၂၁၊ နေပြည်တော် မသန်စွမ်းသူများ၏အခွင့်အရေးများဆိုင်ရာရန်ပုံငွေ စီမံခန့်ခွဲရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနမှ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ပုံငွေစီမံခန့်ခွဲရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၁) ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးမှ အဖွင့်အမှာစကား ပြောကြားရာတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ ရန်ုပုံငွေဖြင့် မသန်စွမ်းသူများ၏ ဘဝ ပိုမိုမြင့်မားတိုးတက်လာစေရေး၊ လူ့အဖွဲ့အစည်းအတွင်း အများနည်းတူ တန်းတူညီမျှ ပါဝင်ခွင့်ရရှိရေးနှင့် မသန်စွမ်းမှုအလိုက် လိုအပ်သောဝန်ဆောင်မှုများ ရရှိခံစားနိုင်ရေးအတွက် လက်တွေ့အကောင်အထည်ဖော်နိုင်ရန်အတွက် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ … Read more