
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၈-၂၀၂၀) ရက်နေ့၌ မိုးကောင်းမြို့နယ်တွင် ရေကြီးရေလျှံမှုကြောင့် နန့်ရင်းရပ်ကွက်နှင့် ကျွန်းပင်သာ ကျေးရွာအုပ်စုတို့တွင် ရေများဝင်ရောက်ခဲ့သောကြောင့် ထပ်မံပြောင်းရွှေ့နေထိုင်ရသော အိမ်ထောင်စု(၁၀)စုမှ လူဦးရေ ကျား(၁၆)ဦး၊ မ(၂၅)ဦး ပေါင်း(၄၁)ဦးတို့အတွက် ဆန်ရိက္ခာဖိုး (၇)ရက်စာထောက်ပံ့ငွေ (၈၆,၁၀ဝိ/-) ကျပ်အား (၂၂-၈-၂၀၂၀)ရက်နေ့၊ (၁၆:၀၀) နာရီအချိန်တွင် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_fld
#kcn_aug2020