လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ပန်းတောင်းမြို့နယ်၊ရေလည်ကျွန်းအုပ်စု၊အောင်မင်္ဂလာကျေးရွာ (၂၁.၈.၂၀၂၀)ရက်နေ့ ဧရာဝတီ မြစ် ကမ်းပါးပြို ကျမှုကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသည့် အိမ်ထောင်စု(၁)စု မှ လူဦးရေ(၂) ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ ထောက်ပံ့ငွေ (၄၂၀ဝ)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀ဝ)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ(၁၀၄၂၀ဝ) ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း (၁၀)မျိုးတို့ကို (၂၂.၈.၂၀၂၀)ရက်နေ့ နေ့လည် (၁၂:၃၀)အချိန်တွင် ပြည့်သူလက်ဝယ် အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
Source: ပန်းတောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)