
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဗန်းမော်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၈-၂၀၂၀) ရက်နေ့မှ (၂၁-၈-၂၀၂၀)ရက်နေ့အထိ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ခွန်သာ ရပ်ကွက်နှင့် ပေါက်ကုန်းရပ်ကွက်တို့မှ ပြောင်းရွှေ့အိမ်ထောင်စု (၂၁၅)စု၊ လူဦးရေ (၉၇၉) ဦးတို့အတွက် ဆပ်ပြာ(၂၁၅)ခဲ၊ အဝတ်mask(၉၇၉)ခုနှင့် (၇)ရက်စာဆန်ဖိုးထောက်ပံ့ငွေ (၂,၀၅၅,၉၀၀/-) ကျပ်တို့ကို (၂၂-၈-၂၀၂၀)ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် သွားရောက် ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ဗန်းမော်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_fld
#kcn_aug2020