လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆.၆.၂၀၂၆) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်မှ (၁၂:၀၀)အချိန်ထိ အ.ထ.က(အိန္ဒု)ကျောင်းတွင် ကျောင်းသား(၂၄၀)ဦး၊ ကျောင်းသူ (၂၆၀)ဦး ဆရာ(၂) ဦး၊ ဆရာမ (၁၃)ဦး၊ ကျောင်းသားမိဘ(၂၀)ဦး၊ စုစုပေါင်း (၅၃၅)ဦး တို့အား သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ ဆောင်ရန်/ ရှောင်ရန် အချက်များ အသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး ဘေး(၉)မျိုး လက်ကမ်းစာစောင် (၅၃၅) စောင်အားလည်းကောင်း၊ (၄x၅)ပေ မြေပြိုဘေးပိုစတာ (၁)ချပ်အားလည်းကောင်း ဖြန့်ဝေ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိခဲ့ပါသည်။
#ar
#kyn_jun_2026
Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး