ဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၈-၂၀၂၀) ရက်နေ့၊ မိုးကောင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မိုးကောင်းမြို့နယ်၊ နန့်ရင်းရပ်ကွက်၊ ကျွန်းတောရပ်ကွက်၊ မြို့ဦးရပ်ကွက်၊ နတ်ကြီးကုန်းရပ်ကွက်၊ အလယ် ရပ်ကွက်၊ ကျွန်းပင်သာအုပ်စု၊ အရှေ့ရပ်ကွက်၊ ရွာသစ်ရပ်ကွက်နှင့် နောင်ကိုင်တော် ရပ်ကွက် တို့တွင် ရေများဝင်ရောက်ခဲ့သောကြောင့် ယာယီပြောင်းရွှေ့နေထိုင်ရသော အိမ်ထောင်စု (၆၀)စုမှ လူဦးရေ ကျား(၁၄၅)ဦး၊ မ(၁၅၃)ဦး ပေါင်း(၂၉၈)ဦးတို့အတွက် ဆန်ရိက္ခာဖိုး(၇) ရက်စာထောက်ပံ့ငွေ (၆၂၅,၈၀ဝိ/-) ကျပ်အား (၂၂-၈-၂၀၂၀)ရက်နေ့၊ (၁၂:၃၀)အချိန်တွင် ကွင်းဆင်းထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: မိုးညှင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_fld
#kcn_aug2020

Sign Up

Upcoming Events