ကရင်ပြည်နယ်၊ အ.ထ.က (၅) ကျောင်းတွင် အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း - ကရင်ပြည်နယ်၊ အ.ထ.က(အိန္ဒု)ကျောင်း၌ အသိပညာပေးဟောပြောပွဲဆောင်ရွက်မှုသတင်း - မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာ၊ ဘတ်စုံသုံးခန်းမတွင် သဘာဝဘေးလျော့ပါး ရေး စေတနာ့ဝန်ထမ်းလူငယ်(ဆင့်ပွား) သင်တန်းဖွင့်လှစ်မှုသတင်း - လှိုင်းဘွဲမြို့နယ်၊ (ဃ)ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝ​ဘေးအသိပညာ​ပေး​ဟော​ပြောပွဲ​ဆောင်ရွက်မှုသတင်း - ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ အ.ထ.က(၁)စာသင်ကျောင်း၌ အသိပညာပေးဟောပြောပွဲ ဆောင်ရွက်မှုသတင်း - ဘားအံမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ အုတ်ဖို(၃)လမ်း၌ လေပြင်းဘေးထောက်ပံ့မှုသတင်း - ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ငလျင်ဘေးအန္တရာယ်သဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်မှုသတင်း - လပွတ္တာခရိုင်၊ လပွတ္တာမြို့၊ အထက(၁) သင်တန်းခန်းမတွင် အသိပညာပေးဟောပြောမှုသတင်း - မြောင်းမြမြို့နယ်၊ ပညာရေးဒီဂရီကောလိပ်တွင် အသိပညာပေးဟောပြောမှုသတင်း - ဘားအံမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စု၊ နောင်လှကျေးရွာ၌ လေပြင်းဘေး ထောက်ပံ့မှု သတင်း

ငလျင်ဘေးဒဏ်သင့်သူများအတွက် ငွေစာရင်းအမှတ် OA-011834 နှင့် နိုင်ငံခြားငွေစာရင်းအမှတ် EDN-600018 အပြင် QR Code များမှတဆင့်လည်း လှူဒါန်းနိုင်ပါကြောင်းဖော်ပြအပ်ပါသည်။

Latest News

  • Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်ခြင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၂၄.၈.၂၀၂၀)ရက်နေ့ မုံရွာမြို့နယ်အတွင်းရှိ ထနောင်းတောကျေးရွာ၊ နဂါးတွင်းကျေးရွာ၊ ဘုဘကျေးရွာ၊ ညောက်ဖြူပင်ကျေးရွာ၊ ပေါက်ပင်ကျေးရွာများရှိ မိဘပြည်သူများအား COVID-19 ကူးစက်ရောဂါ အသိပညာပေးခြင်း၊ ရေဘေးအန္တရာယ် အသိပညာပေးခြင်းနှင့် ရေဘေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။   #ar #sgg_aug2020 Source:             စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

  • ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၂၀) ရက်နေ့၊ (၀၅:၀၀) နာရီအချိန်၌ သီပေါမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သီပေါမြို့နယ်၊ နားမခေါ်ကျေးရွာအုပ်စု၊ နားမခေါ်ကျေးရွာအနီးတွင် တောင်ကျရေများစီးဆင်းသဖြင့် ချောင်းရေ လျှံပြီး ရေဝင်ရောက်သည့် လူနေအိမ် (၂၇) လုံး၊ အိမ်ထောင်စု (၂၇) စု၊ လူဦးရေ (၁၁၂) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ(၂၃၅,၂၀၀/-) ကျပ်အား (၂၄-၈-၂၀၂၀) ရက်နေ့(၁၄:၃၀) နာရီအချိန်တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ပြည်သူများလက်၀ယ် အရောက် ထောက်ပံ့‌‌ခဲ့ပါကြောင်း … Read more

  • နမ့်ခမ်းမြို့နယ် (IDP) စခန်းများရှိ တိုက်ပွဲရှောင်ပြည်သူများ အိမ်ထောင်စုအလိုက် အခြေခံစားသောက်ကုန်များ ဝယ်ယူရန် ရန်ပုံငွေထောက်ပံ့ပေးအပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၂၀)ရက်နေ့တွင် နမ့်ခမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နမ့်ခမ်းမြို့နယ်အတွင်းရှိ (IDPs) စခန်း(၆)ခုမှ တိုက်ပွဲရှောင် ပြည်သူ အိမ်ထောင်စု (၃၈၉)စုအတွက် (COVID-19) စီးပွားရေးကုစားမှု အစီအစဥ်(CERP)အရ စားသောက်ကုန်(၅)မျိုးဝယ်ယူနိုင်ရန် အတွက် အိမ်ထောင်စု (၁) စုလျှင် ထောက်ပံ့ငွေကျပ် (၄၀,၀၀၀)နှုန်းဖြင့် စုစုပေါင်းရန်ပုံငွေ (၁၅,၅၆၀,၀၀၀) ကျပ်တို့ကို စခန်းတာဝန်ခံများ မှတဆင့် တိုက်ပွဲရှောင်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရပါသည်။ … Read more

  • Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်‌ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၂၀) ရက်နေ့ (၁၃းဝဝ) နာရီမှ (၁၆း၃၀) နာရီအချိန်အထိ၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြန်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ မြဝတီမြို့အမှတ် (၄)ရပ်ကွက်၊ မြေနီကုန်း၊ ဖားချောင်၊ မဲကနယ်တိုးချဲ့ကွက်သစ်၊ သင်္ဃန်းညီနောင်၊ ဝှေ့ရှမ်းတို့တွင် Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ အများပြည်သူများ သိရှိလိုက်နာရန် အချက်များကြော်ငြာခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များ၊ မိုးရာသီတွင်ကျရောက်နိုင်သော သဘာဝဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များဝေငှခြင်းများအား ဆောင်ရွက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။ Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ) … Read more

  • Covid-19ကူးစက်ရောဂါနှင့် စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေး ခြင်းလုပ်ငန်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၂၀) ရက်နေ့တွင် လားရှိုးမြို့၊ ရပ်ကွက် (၇) နှင့် ရပ်ကွက် (၈) တို့၌ Covid-19 ကူးစက်မှု ဒုတိယ လှိုင်းအတွင်း ပြည်သူများ လိုက်နာရမည့်ကျန်းမာရေးအမူအကျင့်များ အသိပညာပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာ အသိပညာပေးခြင်းများကို အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခဲ့ပြီး Mask နှင့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း၊ Hand Gelများဖြင့် လက်သန့်စင်ပေးခြင်လုပ်ငန်းမျာအား ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ဘစမ) #ar … Read more

  • ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက် အတည်ပြု ခြင်းနှင့် ရခိုင်ပြည်နယ် COVID-19 ဆိုင်ရာ လူငယ်လုပ်အားပေး အစီအစဉ် ရှင်းလင်းဆွေးနွေးမှုသတင်း

    ဩဂုတ်လ (၂၄)၊ နေပြည်တော် မြန်မာနိုင်ငံလူငယ်ရေးရာ မူဝါဒဆိုင်ရာ အမျိုးသားအဆင့်မဟာဗျူဟာစီမံချက် (၂၀၂၀ – ၂၀၂၄) အတည်ပြုခြင်းနှင့် စပ်လျဉ်း၍ လူငယ်ရေးရာကော်မတီဝင် လူငယ်များအား အသိပေးရှင်းလင်းဆွေးနွေးခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၌ ယနေ့မွန်းလွဲပိုင်းတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံ လူငယ်ရေးရာ ကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး တက်ရောက်ခဲ့ပါသည်။ ဆွေးနွေးပွဲသို့ ဒုတိယဝန်ကြီးဦးစိုးအောင်၊ လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံလူငယ်ရေးရာ ကော်မတီဝင်လူငယ်များ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန ညွှန်ကြားရေးမှူးများ၊ UNFPA … Read more