ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၂၀) ရက်နေ့၊ (၀၅:၀၀) နာရီအချိန်၌ သီပေါမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သီပေါမြို့နယ်၊ နားမခေါ်ကျေးရွာအုပ်စု၊ နားမခေါ်ကျေးရွာအနီးတွင် တောင်ကျရေများစီးဆင်းသဖြင့် ချောင်းရေ လျှံပြီး ရေဝင်ရောက်သည့် လူနေအိမ် (၂၇) လုံး၊ အိမ်ထောင်စု (၂၇) စု၊ လူဦးရေ (၁၁၂) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ(၂၃၅,၂၀၀/-) ကျပ်အား (၂၄-၈-၂၀၂၀) ရက်နေ့(၁၄:၃၀) နာရီအချိန်တွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ပြည်သူများလက်၀ယ် အရောက် ထောက်ပံ့‌‌ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fld
#shn_aug2020
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events