လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မူဆယ်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၂၀)ရက်နေ့တွင် နမ့်ခမ်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှတာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နမ့်ခမ်းမြို့နယ်အတွင်းရှိ (IDPs) စခန်း(၆)ခုမှ တိုက်ပွဲရှောင် ပြည်သူ အိမ်ထောင်စု (၃၈၉)စုအတွက် (COVID-19) စီးပွားရေးကုစားမှု အစီအစဥ်(CERP)အရ စားသောက်ကုန်(၅)မျိုးဝယ်ယူနိုင်ရန် အတွက် အိမ်ထောင်စု (၁) စုလျှင် ထောက်ပံ့ငွေကျပ် (၄၀,၀၀၀)နှုန်းဖြင့် စုစုပေါင်းရန်ပုံငွေ (၁၅,၅၆၀,၀၀၀) ကျပ်တို့ကို စခန်းတာဝန်ခံများ မှတဆင့် တိုက်ပွဲရှောင်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရပါသည်။
#shn_aug2020
Source: မူဆယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)