Covid-19ကူးစက်ရောဂါ မဖြစ်စေရန် ကြိုတင်ကာကွယ်‌ရေးနှင့် သဘာဝဘေးအန္တရာယ် အသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၂၀) ရက်နေ့ (၁၃းဝဝ) နာရီမှ (၁၆း၃၀) နာရီအချိန်အထိ၌ ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြန်သူ့ဆက်ဆံရေးဦးစီးဌာနတို့ပူးပေါင်း၍ မြဝတီမြို့အမှတ် (၄)ရပ်ကွက်၊ မြေနီကုန်း၊ ဖားချောင်၊ မဲကနယ်တိုးချဲ့ကွက်သစ်၊ သင်္ဃန်းညီနောင်၊ ဝှေ့ရှမ်းတို့တွင် Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ အများပြည်သူများ သိရှိလိုက်နာရန် အချက်များကြော်ငြာခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များ၊ မိုးရာသီတွင်ကျရောက်နိုင်သော သဘာဝဘေးအန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များဝေငှခြင်းများအား ဆောင်ရွက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။

Source: မြဝတီခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#krn_aug2020

Sign Up

Upcoming Events