Covid-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအသိပညာပေး ဆောင်ရွက်ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ (၂၄.၈.၂၀၂၀)ရက်နေ့ မုံရွာမြို့နယ်အတွင်းရှိ ထနောင်းတောကျေးရွာ၊ နဂါးတွင်းကျေးရွာ၊ ဘုဘကျေးရွာ၊ ညောက်ဖြူပင်ကျေးရွာ၊ ပေါက်ပင်ကျေးရွာများရှိ မိဘပြည်သူများအား COVID-19 ကူးစက်ရောဂါ အသိပညာပေးခြင်း၊ ရေဘေးအန္တရာယ် အသိပညာပေးခြင်းနှင့် ရေဘေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ar

#sgg_aug2020

Source:             စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events